စျေး မီဒီယာ

Posted by Daw Zin Me Me Htun July 28, 2020

“လူတွေပြောပြောကြတဲ့ နင် အပျို မဟုတ်တော့ဘူး “

ပတ်ဝန်းကျင်မှာ ကြားကြားရတယ်။ ပူပူနွေးနွေး တစ်နှစ်၊ (၂)နှစ် လောက် အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီးတွေ တခါတလေလေးများ လှလှပပနေတဲ့ အခါ၊ အပြင်တွေ ထွက်လည်တဲ့အခါ၊ Facebook မှာ ပုံတင်တဲ့ “ အပျိုမဟုတ်တော့ဘူး၊ အပျို လုပ်နေတာလား တို့..။

အိမ်ထောင်ကျပြီး တာနဲ့ ဘာလို့ လူရာသိပ်မဝင်တော့သလို စကြနောက်ကြ ပြောကြဆိုကြသလဲ မသိဘူးနော်။ ဒါက ယဉ်ကျေးမှု တစ်ခုလား..၊ အိမ်ထောင်ကျပြီးတဲ့ သူငယ်ချင်းတွေ ကိုယ်ပိုင်မိသားစုနဲ့ ဆိုတော့ ကိုယ်တွေလို ၊ လူလွတ်တွေလို အပြင်ထွက်နိုင်၊ ကဲနိုင်ချေ နည်းသွားတာနားလည်ပါတယ်။ ကျွန်မ အမြဲ သတိထားတယ်၊ နင် အပျိုမဟုတ်တော့ဘူးတို့ .. လာ အပျို လုပ်ကြမယ်တို့ တခါတလေ လေးတောင် မှ အိမ်ထောင်သည် သူငယ်ချင်းတွေ အပေါ် မစ မိအောင်ပေါ့။ သူတို့ အိမ်ထောင်ရေး ပြေပြေ မပြေပြေ အရင်တုန်းကလို သိပ်မစပ်စုဖြစ်တော့ဘူး။ ရန်ဖြစ်တိုင်း ဝင်လည်း မကူသလို ပါလည်း မပါတော့ဘူး။ တကယ်လို့ သူငယ်ချင်းတွေ အပြင်ထွက်မုန့်စား ချိန်းကြဆုံကြရင်သာ သူတို့ တစ်ချိန်က ငယ်ရွယ်နုပျိုခဲ့တာ၊ လှပ ခဲ့တာ ၊ ပျော်ရွှင်ခဲ့တာ ၊ လူချစ်လူခင် များခဲ့တာ၊ ဘယ်လို ကဲ ခဲ့တာ တွေကို ပျော်စရာလေးတွေ ပြန်ပြောဖြစ်ကြတယ်။ သူတို့ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေ အကြံပေးကြ၊ ဆိုကြပေါ့ ။ သူတို့လည်း အရင်က လူငယ်တွေပဲလေ၊ ခုထိလဲ လူငယ်တွေပဲ ...

“ သူငယ်ချင်းရယ် ငါ လေ ဆံပင်လေး လုပ်ချင်လို့” ၊ “ ငါ ဒါလေးဝတ်ချင်လို့ “ ငါနဲ့ အဆင်ပြေပါ့မလား ... တခါတလေ လာလာ တိုင်ပင်ကြတော့ ...

ကိုယ်က ပြောသေးတယ်၊ “ဟဲ့ နင့်ဘာသာ ဝတ်ချင်တာများ ဝတ်လိုက်လေ.. ဘာလို့ အပြစ် ရှိသလိုကြီး လာပြောနေတာတုန်း “ ဆိုတော့
ငါက ကလေး အမေလေ တဲ့ .. “ကလေး အမေ အဲ့လို မဝတ်ရဘူး ဘယ်သူ ပြောတုန်း “ ဆိုတော့လဲ
အဲ့လိုတော့ မပြောကြပေမဲ့ “ တခါတလေ ကျရင် ငါ ခံစားမိတာပါ။ ငါက အပြင် တခါလေး ထွက်ရင် ၊ ကလေးက ဘယ်မှာလဲ တို့၊ အပျိုလုပ်နေတာလားတို့ ၊ ယောကျ်ားကို ဘယ်နား သွားထားလဲ တို့ ..အဲ့လို တွေ လာပြောရင် ငါ့စိတ်ထဲ အပြစ်လုပ်နေသလိုပဲ “ တဲ့ ...။ လူတွေက ဘာရယ်မဟုတ်ဘူး ဆိုပေမဲ့ အဲ့လို စနောက်ခံရပါများတော့ သူက “အိမ်ထောင်သည်” ဆိုတဲ့ စိတ်နဲ့ အပြင်လောကကြီးက သူနဲ့ မအပ်စပ်သလို ပဲ အလိုလိုနေရင်း အားငယ်ပြီး သိမ်ငယ်နေတာ။

အိမ်ထောင်သည်၊ အမျိုးသမီးတွေ ၊ တော်တော်များများ လည်း “ နင်အပျို မဟုတ်တော့ဘူး၊ အပျို လုပ်နေတာလား “ တို့ လာမေးရင် တော်တော် အောင့် သက်သက်နိုင်တယ် မဟုတ်လား နော်။ သက်တူရွယ်တူ အမျိုးသမီးတွေချင်း အိမ်ထောင်ကျတာနဲ့ မကျတာပဲ ကွာတောင် အပျို နဲ့ အိမ်ထောင်သည် ဘယ်လိုဝတ်ရမယ် သတ်သတ်မှတ်မှတ်ထားကြသေးတာလား။ မိန်းမချင်းတောင် တခါတလေ အိမ်ထောင်ရှည်၊ အပျို၊ အအို မခွဲခြားပဲ တန်းတူအခွင့်အရေး ရဖို့တောင် ၊ ယူပြီးသား ယောကျ်ား ပြန်အမ်းရမလိုတောင် ဖြစ်မိကြမယ်ထင်တယ်။

ခက်တော့ ခက်သား၊ အိမ်ထောင်ကျသွားတော့ လူတွေနဲ့ စည်း တစ်ဘောင်ခြားသွားတာလား ? ကြည့်ကောင်းတဲ့ အဝတ်အစားတွေ ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက် မုန့်စားတာတွေ ၊ လှလှပပ လေးပြင်ဆင် ဝတ်စားပြီး ပုံရိုက်တင်မိတာတွေ ၊ က အိမ်ထောင်ကျပြီးရင် မအပ်စပ်တော့တာလား ?

အိမ်ထောင်ကျပြီးဆိုတာနဲ့ ကိုယ်ပိုင် ဘဝတစ်ခု ဖြစ်သွားပြီး အရင်လို နေလို့ ထိုင်လို့ မရတော့ ဘူး ၊ဆင်ခြင်ရမယ် ဆိုတာ..။ ကာမပိုင် မဟုတ်တဲ့ တခြား အမျိုးသားတွေ နဲ့ အီစီကလီ လုပ်လို့ မရတော့တာ၊ ကိုယ့်အိမ်ထောင်ဖက် အပေါ် သစ္စာထားပြီး ဝတ္တရားကျေဖို့အထိ နဲ့ သားသမီးတွေ ရလာရင် ပြုစုပျိုးထောင်ဖို့ အထိပဲ တာဝန်ကျေရင် ရပြီ မဟုတ်ဘူးလားနော့်...။ အိမ်ထောင်သည်လည်း တစ်ချိန်က အပျိုပါပဲ၊ ကောင်းကောင်းစားချင်တယ်၊ လှချင်ဝတ်ချင်တယ်။ သားသမီး ရလာလို့ ကိုယ်ခန္ဓာအချိုးအဆစ် အနည်းငယ်ပြောင်းလဲ လာရင်တောင် ကိုယ့်အမျိုးသားကို ဆွဲဆောင် ထားချင်တယ်။ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်က တခြား Single အမျိုးသမီးတွေ ဝတ်စားဆင်ယင်သလို အရမ်း Hot တာမျိုး၊ ဖလန်းဖလန်း ထနေတာမျိုး မြန်မာပြည်မှာ ဝတ်စားဆင်ယင်လို့ သိပ်အဆင်မပြေဘူးဆိုပေမဲ့... ပါတိတ် ဝမ်းဆက်ကြီး တကားကား ၊ လုံခြည် ၊ မြန်မာဝမ်းဆက် တွေ ဇွတ်ဝတ်လိုက်လို့ လည်းအိမ်ထောင်ရှင် ပီသတာသွားမျိုး လည်း မလိုအပ်ပါဘူး။ မြန်မာဆန်ဆန် ကြိုက်လို့ ဝတ်ရင်တော့ ထားပါတော့.. ။

တခါတလေ အမျိုးသမီးအချင်းချင်း ပျော်ချင် ၊ ကဲချင်ကြတာချင်းအတူတူ ကလေး အမေမို့ ပိုကဲတယ် ၊ ပိုနန့်တယ်တို့ လည်း မသမုတ်စေချင်ဘူး၊ ကလေး တစ်ယောက် မွေးပြီးသွားလို့ ပုံမှန်ထက် အရှက်မရှိတော့ဘူးလို့ ဒဲ့ မပြောတာပဲ ရှိမယ်။ စကားဆိုတာ လေ အလကားရတိုင်း မပြောရဘူး၊ တဖက်လူကို စိတ်မကောင်းဖြစ်တဲ့ထိ မစနောက်ရဘူး။ ကလေး တဖက်နဲ့ အိပ်ရေးပျက်ရတဲ့ ညတွေ ၊ စောစောစီးစီးထ ချက်ပြုတ်ရတာတွေ ၊ တနေ့ နဲ့ တနေ့ အိမ်မှာ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ အပြင်လောကမှာ ဘာတွေ ဖြစ်လို့ ဖြစ်မှန်းမသိ၊ အပျိုတုန်းက ခေတ်မီခဲ့သမျှ ခုကျ ဘာမှ လိုက်မမီတော့ဘူး။ အိမ်ထောင်မကျခင် တုန်းက ဒေါက်ဖိနပ် တဂွပ်ဂွပ်နဲ့ အမျိုးသမီးက ခုကျ ညပ်ဖိနပ် နဲ့ ကလေးကို ခါးခွင်ပြီး ဒီလ ကလေး နို့ဘူးနဲ့ နုတ်ခမ်းနီ ဘာဝယ်ရမလဲ ချင့်ချိန်နေရတဲ့ သူတွေ ဖြစ်သွားကြတယ်။ကြုံကြိုက်လို့ တခါတလေ အပြင်ထွက်တာ၊ လှလှပပ နေတာ ကို အပျို မဟုတ်တော့ကြောင်း သတိပေးသလိုလို နဲ့ မစ နောက်သင့်ဘူး လို့ထင်ပါတယ်၊ ခံစားရတဲ့ အမျိုးသမီးတွေ ပိုသိမှာပါ။

အိမ်ထောင်ကျသွားတိုင်း အပြင်လောက ကြီးနဲ့ မသက်ဆိုင်တော့တာမျိုး မဟုတ်ပါဘူး။ ကိုယ်က အိမ်ထောင်သည်ဆိုပေမဲ့ အသက် အပိုင်းအခြားအလိုက် ခေတ်နဲ့ အညီ နေထိုင်လို့ရပါတယ်။ သားသမီးတွေရလာရင် အနည်းကပ်ထိန်းကျောင်းရမှာက အမေ တွေပါ။ ခေတ်နဲ့ အညီ ၊ အတွေးအခေါ် ၊ အယူအဆ ၊ အားလုံးနီးပါး ခေတ်ဆန်နေမှသာ ကိုယ့်သားသမီး လမ်းမှားနေလား ၊ ဆိုးနေလား ၊ ကောင်းနေလား လိုက်မှီနိုင်မယ်။ မီးဖိုချောင်မှာပဲ အမြဲ အချိန်မကုန်ပဲ အပြင်လောက ကြီးနဲ့ပါ ပိုလို့ လိုက်ရောညီထွေ ရှိနေရမှာပါ။ အရွယ်ရောက်ပြီး သူများတွေ ဘယ်လို ကဲတယ်ပြောပြော ကိုယ့်သားသမီးလေးတွေ အရွယ်မရောက်ခင် လမ်းမှားမရောက်ဖို့ ပိုလို့ ခေတ်ရှေ့ပြေး တွေးခေါ်ပြီး သင်ပေးနေရမှာက အမေတွေ တာဝန်ပါ။ ပြောချင်တာက အိမ်ထောင်ကျ သွားလို့ ကိုယ့်ကို ကိုယ် ချစ်ရကောင်းမှန်း မသိတော့ဘူး၊ လှအောင် နေရမှန်းလည်း သတိမရတတ်တော့ဘူး ဆိုရင် အရင်တုန်းက လှခဲ့တဲ့ ပုံလေးတွေ ၊ နုပျို နေဆဲ ပုံစံလေးတွေကို ပြန် ကြည့်ကြည်ပါ။ “ ကိုယ် ဘယ်လောက် လှနေခဲ့သလဲ .. “၊ “ မှန်ကြည့်တိုင်း ဘယ်လောက် စိတ်ချမ်းသာအောင် ပြင်ဆင်နေထိုင်ခဲ့သလဲ “ ၊ “ခေတ်ကာလမှာ ကိုယ် ဘယ်လောက်စီးမြောလိုက်ပါခဲ့လဲ “ ... ?

အိမ်ထောင်သည် ဖြစ်နေလို့ အားငယ်စရာ လည်း ဘာမှ မလိုသလို လတ်ဆတ်တဲ့ အတွေးအခေါ်တွေ ၊ အနေအထိုင်တွေ ပျောက်ဆုံးနေတဲ့ အခါ အသစ်အဆန်းတစ်ခုခု ပြန်လည် ပြုလုပ်ရင်း ၊ပြန်ပြုပြင်ယူရင်း ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေပါ။ လူတွေရဲ့ “ အပျိုမဟုတ်တော့ဘူး” ဆိုတဲ့ ခပ်သိုးသိုး နဲ့ ရွတ်နောက်နောက် စကားတွေကို အတတ်နိုင်ဆုံး လစ်လျူရှူပြီး “ ကလေးတို့ အမေ” တွေလည်း Single မမ တွေနဲ့ အညီ အတွေးအခေါ်၊ အနေအထိုင် ခေတ်ရှေ့ပြေးနေစေလိုပါတယ်။ ကိုယ့် အိမ်ထောင်ဖက် အပေါ် သစ္စာရှိရှိနဲ့ တစ်ယောက်တာဝန် တစ်ယောက် ကျေကျေပွန်ပွန် ထိန်းသိမ်းပြီး ကိုယ်တိုင်လည်း တခါက လူငယ်တစ်ဦး မို့ ပါးရေမတွန့်သေးတဲ့ အထိ ကတော့ ပကတိ မူရင်းစိတ် အတိုင်း လှလှပပ နဲ့ တွေးခေါ် နေထိုင်ဖို့ ပါပဲ။

စနောက်တယ်ဆိုပေမဲ့ လည်း ရယ်စရာ မကောင်းတဲ့ “ အပျိုလုပ်နေတာလား “ဆိုတဲ့ စကားလုံးနဲ့ နုတ်ဆက်မေးမြန်းတာကိုလည်း အတတ်နိုင်ဆုံး ဆင်ခြင်နိုင်ကြပါစေနော်။

#adminpan
#truthbutbitter
#motherlife
#personality

Topic(mother life, personality)

————————————————————————

လူတွေပြောပြောကြတဲ့ နင် အပျို မဟုတ်တော့ဘူး

ပတ်ဝန်းကျင်မှာ ကြားကြားရတယ်။ ပူပူနွေးနွေး တစ်နှစ်၊ (၂)နှစ် လောက် အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီးတွေ တခါတလေလေးများ လှလှပပနေတဲ့ အခါ၊ အပြင်တွေ ထွက်လည်တဲ့အခါ၊ Facebook မှာ ပုံတင်တဲ့ “ အပျိုမဟုတ်တော့ဘူး၊ အပျို လုပ်နေတာလား တို့..။

အိမ်ထောင်ကျပြီး တာနဲ့ ဘာလို့ လူရာသိပ်မဝင်တော့သလို စကြနောက်ကြ ပြောကြဆိုကြသလဲ မသိဘူးနော်။ ဒါက ယဉ်ကျေးမှု တစ်ခုလား..၊ အိမ်ထောင်ကျပြီးတဲ့ သူငယ်ချင်းတွေ ကိုယ်ပိုင်မိသားစုနဲ့ ဆိုတော့ ကိုယ်တွေလို ၊ လူလွတ်တွေလို အပြင်ထွက်နိုင်၊ ကဲနိုင်ချေ နည်းသွားတာနားလည်ပါတယ်။ ကျွန်မ အမြဲ သတိထားတယ်၊ နင် အပျိုမဟုတ်တော့ဘူးတို့ .. လာ အပျို လုပ်ကြမယ်တို့ တခါတလေ လေးတောင် မှ အိမ်ထောင်သည် သူငယ်ချင်းတွေ အပေါ် မစ မိအောင်ပေါ့။ သူတို့ အိမ်ထောင်ရေး ပြေပြေ မပြေပြေ အရင်တုန်းကလို သိပ်မစပ်စုဖြစ်တော့ဘူး။ ရန်ဖြစ်တိုင်း ဝင်လည်း မကူသလို ပါလည်း မပါတော့ဘူး။ တကယ်လို့ သူငယ်ချင်းတွေ အပြင်ထွက်မုန့်စား ချိန်းကြဆုံကြရင်သာ သူတို့ တစ်ချိန်က ငယ်ရွယ်နုပျိုခဲ့တာ၊ လှပ ခဲ့တာ ၊ ပျော်ရွှင်ခဲ့တာ ၊ လူချစ်လူခင် များခဲ့တာ၊ ဘယ်လို ကဲ ခဲ့တာ တွေကို ပျော်စရာလေးတွေ ပြန်ပြောဖြစ်ကြတယ်။ သူတို့ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေ အကြံပေးကြ၊ ဆိုကြပေါ့ ။ သူတို့လည်း အရင်က လူငယ်တွေပဲလေ၊ ခုထိလဲ လူငယ်တွေပဲ ...

“ သူငယ်ချင်းရယ် ငါ လေ ဆံပင်လေး လုပ်ချင်လို့” ၊ “ ငါ ဒါလေးဝတ်ချင်လို့ “ ငါနဲ့ အဆင်ပြေပါ့မလား ... တခါတလေ လာလာ တိုင်ပင်ကြတော့ ...

ကိုယ်က ပြောသေးတယ်၊ “ဟဲ့ နင့်ဘာသာ ဝတ်ချင်တာများ ဝတ်လိုက်လေ.. ဘာလို့ အပြစ် ရှိသလိုကြီး လာပြောနေတာတုန်း “ ဆိုတော့
ငါက ကလေး အမေလေ တဲ့ .. “ကလေး အမေ အဲ့လို မဝတ်ရဘူး ဘယ်သူ ပြောတုန်း “ ဆိုတော့လဲ
အဲ့လိုတော့ မပြောကြပေမဲ့ “ တခါတလေ ကျရင် ငါ ခံစားမိတာပါ။ ငါက အပြင် တခါလေး ထွက်ရင် ၊ ကလေးက ဘယ်မှာလဲ တို့၊ အပျိုလုပ်နေတာလားတို့ ၊ ယောက်ျားကို ဘယ်နား သွားထားလဲ တို့ ..အဲ့လို တွေ လာပြောရင် ငါ့စိတ်ထဲ အပြစ်လုပ်နေသလိုပဲ “ တဲ့ ...။ လူတွေက ဘာရယ်မဟုတ်ဘူး ဆိုပေမဲ့ အဲ့လို စနောက်ခံရပါများတော့ သူက “အိမ်ထောင်သည်” ဆိုတဲ့ စိတ်နဲ့ အပြင်လောကကြီးက သူနဲ့ မအပ်စပ်သလို ပဲ အလိုလိုနေရင်း အားငယ်ပြီး သိမ်ငယ်နေတာ။

အိမ်ထောင်သည်၊ အမျိုးသမီးတွေ ၊ တော်တော်များများ လည်း “ နင်အပျို မဟုတ်တော့ဘူး၊ အပျို လုပ်နေတာလား “ တို့ လာမေးရင် တော်တော် အောင့် သက်သက်နိုင်တယ် မဟုတ်လား နော်။ သက်တူရွယ်တူ အမျိုးသမီးတွေချင်း အိမ်ထောင်ကျတာနဲ့ မကျတာပဲ ကွာတောင် အပျို နဲ့ အိမ်ထောင်သည် ဘယ်လိုဝတ်ရမယ် သတ်သတ်မှတ်မှတ်ထားကြသေးတာလား။ မိန်းမချင်းတောင် တခါတလေ အိမ်ထောင်ရှည်၊ အပျို၊ အအို မခွဲခြားပဲ တန်းတူအခွင့်အရေး ရဖို့တောင် ၊ ယူပြီးသား ယောက်ျား ပြန်အမ်းရမလိုတောင် ဖြစ်မိကြမယ်ထင်တယ်။

ခက်တော့ ခက်သား၊ အိမ်ထောင်ကျသွားတော့ လူတွေနဲ့ စည်း တစ်ဘောင်ခြားသွားတာလား ? ကြည့်ကောင်းတဲ့ အဝတ်အစားတွေ ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက် မုန့်စားတာတွေ ၊ လှလှပပ လေးပြင်ဆင် ဝတ်စားပြီး ပုံရိုက်တင်မိတာတွေ ၊ က အိမ်ထောင်ကျပြီးရင် မအပ်စပ်တော့တာလား ?

အိမ်ထောင်ကျပြီးဆိုတာနဲ့ ကိုယ်ပိုင် ဘဝတစ်ခု ဖြစ်သွားပြီး အရင်လို နေလို့ ထိုင်လို့ မရတော့ ဘူး ၊ဆင်ခြင်ရမယ် ဆိုတာ..။ ကာမပိုင် မဟုတ်တဲ့ တခြား အမျိုးသားတွေ နဲ့ အီစီကလီ လုပ်လို့ မရတော့တာ၊ ကိုယ့်အိမ်ထောင်ဖက် အပေါ် သစ္စာထားပြီး ဝတ္တရားကျေဖို့အထိ နဲ့ သားသမီးတွေ ရလာရင် ပြုစုပျိုးထောင်ဖို့ အထိပဲ တာဝန်ကျေရင် ရပြီ မဟုတ်ဘူးလားနော့်...။ အိမ်ထောင်သည်လည်း တစ်ချိန်က အပျိုပါပဲ၊ ကောင်းကောင်းစားချင်တယ်၊ လှချင်ဝတ်ချင်တယ်။ သားသမီး ရလာလို့ ကိုယ်ခန္ဓာအချိုးအဆစ် အနည်းငယ်ပြောင်းလဲ လာရင်တောင် ကိုယ့်အမျိုးသားကို ဆွဲဆောင် ထားချင်တယ်။ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်က တခြား Single အမျိုးသမီးတွေ ဝတ်စားဆင်ယင်သလို အရမ်း Hot တာမျိုး၊ ဖလန်းဖလန်း ထနေတာမျိုး မြန်မာပြည်မှာ ဝတ်စားဆင်ယင်လို့ သိပ်အဆင်မပြေဘူးဆိုပေမဲ့... ပါတိတ် ဝမ်းဆက်ကြီး တကားကား ၊ လုံခြည် ၊ မြန်မာဝမ်းဆက် တွေ ဇွတ်ဝတ်လိုက်လို့ လည်းအိမ်ထောင်ရှင် ပီသတာသွားမျိုး လည်း မလိုအပ်ပါဘူး။ မြန်မာဆန်ဆန် ကြိုက်လို့ ဝတ်ရင်တော့ ထားပါတော့.. ။

တခါတလေ အမျိုးသမီးအချင်းချင်း ပျော်ချင် ၊ ကဲချင်ကြတာချင်းအတူတူ ကလေး အမေမို့ ပိုကဲတယ် ၊ ပိုနန့်တယ်တို့ လည်း မသမုတ်စေချင်ဘူး၊ ကလေး တစ်ယောက် မွေးပြီးသွားလို့ ပုံမှန်ထက် အရှက်မရှိတော့ဘူးလို့ ဒဲ့ မပြောတာပဲ ရှိမယ်။ စကားဆိုတာ လေ အလကားရတိုင်း မပြောရဘူး၊ တဖက်လူကို စိတ်မကောင်းဖြစ်တဲ့ထိ မစနောက်ရဘူး။ ကလေး တဖက်နဲ့ အိပ်ရေးပျက်ရတဲ့ ညတွေ ၊ စောစောစီးစီးထ ချက်ပြုတ်ရတာတွေ ၊ တနေ့ နဲ့ တနေ့ အိမ်မှာ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ အပြင်လောကမှာ ဘာတွေ ဖြစ်လို့ ဖြစ်မှန်းမသိ၊ အပျိုတုန်းက ခေတ်မီခဲ့သမျှ ခုကျ ဘာမှ လိုက်မမီတော့ဘူး။ အိမ်ထောင်မကျခင် တုန်းက ဒေါက်ဖိနပ် တဂွပ်ဂွပ်နဲ့ အမျိုးသမီးက ခုကျ ညပ်ဖိနပ် နဲ့ ကလေးကို ခါးခွင်ပြီး ဒီလ ကလေး နို့ဘူးနဲ့ နုတ်ခမ်းနီ ဘာဝယ်ရမလဲ ချင့်ချိန်နေရတဲ့ သူတွေ ဖြစ်သွားကြတယ်။ကြုံကြိုက်လို့ တခါတလေ အပြင်ထွက်တာ၊ လှလှပပ နေတာ ကို အပျို မဟုတ်တော့ကြောင်း သတိပေးသလိုလို နဲ့ မစ နောက်သင့်ဘူး လို့ထင်ပါတယ်၊ ခံစားရတဲ့ အမျိုးသမီးတွေ ပိုသိမှာပါ။

အိမ်ထောင်ကျသွားတိုင်း အပြင်လောက ကြီးနဲ့ မသက်ဆိုင်တော့တာမျိုး မဟုတ်ပါဘူး။ ကိုယ်က အိမ်ထောင်သည်ဆိုပေမဲ့ အသက် အပိုင်းအခြားအလိုက် ခေတ်နဲ့ အညီ နေထိုင်လို့ရပါတယ်။ သားသမီးတွေရလာရင် အနည်းကပ်ထိန်းကျောင်းရမှာက အမေ တွေပါ။ ခေတ်နဲ့ အညီ ၊ အတွေးအခေါ် ၊ အယူအဆ ၊ အားလုံးနီးပါး ခေတ်ဆန်နေမှသာ ကိုယ့်သားသမီး လမ်းမှားနေလား ၊ ဆိုးနေလား ၊ ကောင်းနေလား လိုက်မှီနိုင်မယ်။ မီးဖိုချောင်မှာပဲ အမြဲ အချိန်မကုန်ပဲ အပြင်လောက ကြီးနဲ့ပါ ပိုလို့ လိုက်ရောညီထွေ ရှိနေရမှာပါ။ အရွယ်ရောက်ပြီး သူများတွေ ဘယ်လို ကဲတယ်ပြောပြော ကိုယ့်သားသမီးလေးတွေ အရွယ်မရောက်ခင် လမ်းမှားမရောက်ဖို့ ပိုလို့ ခေတ်ရှေ့ပြေး တွေးခေါ်ပြီး သင်ပေးနေရမှာက အမေတွေ တာဝန်ပါ။ ပြောချင်တာက အိမ်ထောင်ကျ သွားလို့ ကိုယ့်ကို ကိုယ် ချစ်ရကောင်းမှန်း မသိတော့ဘူး၊ လှအောင် နေရမှန်းလည်း သတိမရတတ်တော့ဘူး ဆိုရင် အရင်တုန်းက လှခဲ့တဲ့ ပုံလေးတွေ ၊ နုပျို နေဆဲ ပုံစံလေးတွေကို ပြန် ကြည့်ကြည်ပါ။ “ ကိုယ် ဘယ်လောက် လှနေခဲ့သလဲ .. “၊ “ မှန်ကြည့်တိုင်း ဘယ်လောက် စိတ်ချမ်းသာအောင် ပြင်ဆင်နေထိုင်ခဲ့သလဲ “ ၊ “ခေတ်ကာလမှာ ကိုယ် ဘယ်လောက်စီးမြောလိုက်ပါခဲ့လဲ “ ... ?

အိမ်ထောင်သည် ဖြစ်နေလို့ အားငယ်စရာ လည်း ဘာမှ မလိုသလို လတ်ဆတ်တဲ့ အတွေးအခေါ်တွေ ၊ အနေအထိုင်တွေ ပျောက်ဆုံးနေတဲ့ အခါ အသစ်အဆန်းတစ်ခုခု ပြန်လည် ပြုလုပ်ရင်း ၊ပြန်ပြုပြင်ယူရင်း ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေပါ။ လူတွေရဲ့ “ အပျိုမဟုတ်တော့ဘူး” ဆိုတဲ့ ခပ်သိုးသိုး နဲ့ ရွတ်နောက်နောက် စကားတွေကို အတတ်နိုင်ဆုံး လစ်လျူရှူပြီး “ ကလေးတို့ အမေ” တွေလည်း Single မမ တွေနဲ့ အညီ အတွေးအခေါ်၊ အနေအထိုင် ခေတ်ရှေ့ပြေးနေစေလိုပါတယ်။ ကိုယ့် အိမ်ထောင်ဖက် အပေါ် သစ္စာရှိရှိနဲ့ တစ်ယောက်တာဝန် တစ်ယောက် ကျေကျေပွန်ပွန် ထိန်းသိမ်းပြီး ကိုယ်တိုင်လည်း တခါက လူငယ်တစ်ဦး မို့ ပါးရေမတွန့်သေးတဲ့ အထိ ကတော့ ပကတိ မူရင်းစိတ် အတိုင်း လှလှပပ နဲ့ တွေးခေါ် နေထိုင်ဖို့ ပါပဲ။

စနောက်တယ်ဆိုပေမဲ့ လည်း ရယ်စရာ မကောင်းတဲ့ “ အပျိုလုပ်နေတာလား “ဆိုတဲ့ စကားလုံးနဲ့ နုတ်ဆက်မေးမြန်းတာကိုလည်း အတတ်နိုင်ဆုံး ဆင်ခြင်နိုင်ကြပါစေနော်။

#adminpan
#truthbutbitter
#motherlife
#personality

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.