စျေး မီဒီယာ

Posted by poe ei htun July 28, 2020


♦ G6PD ချို့တဲ့သူများနှင့် မတည့်သောအစားအစာများ



1. Fava Beans အပါအ၀င် အခြားသော ပဲတောင့်ရှည်များ

ပဲလက်မ (Broad Bean)၊ တောင်ကြီးပဲ (Fava Bean)၊ ပဲပိစပ် (Soy bean) အပါအ၀င် အခြားသော ပဲအမျိုးမျိုး



2. Methol (ပရုတ်အေး)

သွားတိုက်ဆေး၊ သကြားလုံး၊ ခံတွင်းသန့်စင်ဆေးရည် အပါအ၀င် အခြားသောပရုတ်အေးပါသော အစားအစာများ



3. လူတို့ဖန်တီးပြုလုပ်ထားသော ဆိုးဆေးများ

အပြာရောင်အပါအ၀င် အစားအစာ ဆေးဆိုးရာမှာအသုံးပြုတဲ့ လူလုပ်အရောင်တွေကြောင့် သွေးနီဥတွေ ပျက်ဆီးနိုင်ပါတယ်။ နံနွင်း၊ စပျစ်သီး စတာတွေမှရရှိတဲ့ သဘာ၀အရောင်တွေက ဘေးကင်းတာကြောင့် စိတ်ချစွာအသုံးပြုနိုင် ပါတယ်။



4. Ascorbic Acid (ဗီတာမင် C)

များသောအားဖြင့် အစားအစာနှင့် ဗီတာမင် ဖြည့်စွက်ဆေးတွေမှာ လူတွေပြုလုပ်ထားတဲ့ Artificial ဗီတာမင် C တွေ ပါ၀င်နေပါတယ်။ အစားအစာအတော်များများမှာ ထည့်သွင်းအသုံးပြုကြတာကြောင့် သတိမထားမိလိုက်တဲ့အချိန်မှာပင် ခန္ဓာကိုယ်ထဲသို့ တော်တော်များများရောက်နေပြီဖြစ်ပါတယ်။ Artificial Vitamin C ပမာဏများများစားသုံးမိပါက သွေးနီဥတွေ ပျက်စီးခြင်းကိုဖြစ်စေပါတယ်။



5. အားဖြည့်ရေ (Tonic Water)

Tonic Water မှာ G6PD ချို့တဲ့မှုရှိသူတွေ ရှောင်ရှားရမယ့် guanine ပါ၀င်နေတာကြောင့်ရှောင်ရှား ရမည့်အရာ ဖြစ်ပါတယ်။



6. Gluten free products (Gluten ပါ၀င်မှုမရှိသော အစားအစာထုတ်ကုန်များ)

ဂလူတန် (Gluten) မတည့်တဲ့သူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်တဲ့ အစားအစာတွေမှာ Favabeans ပါ၀င်နေတတ် တာကြောင့် အစားအစာများကို မ၀ယ်ခင်နှင့် မစားသုံးခင်မှာ အညွှန်းကိုသေချာစွာဖတ်ပါ။



7. ကြက်ဟင်းခါးသီး

အလွယ်တကူ၀ယ်ယူရနိုင်ပြီး လူကြိုက်များတဲ့ကြက်ဟင်းခါးသီးဟာ G6PD ချို့တဲ့သူတွေအတွက်ကတော့ ရှောင်ကြဉ် ရမယ့်အစားအစာဖြစ်ပါတယ်။



8. ဗီတာမင် K

G6PD ရှိတဲ့ ကလေးငယ်တွေကို ဗီတာမင် K ပေးမိပါက သွေးနီဥများပျက်ဆီးခြင်း၊ ဦးနှောက်နှင့်အသည်းထိခိုက်ခြင်း နှင့် ပြင်းထန်ပါက အသက်အန္တရာယ်သေဆုံးခြင်းတို့ဖြစ်နိုင်ပါတယ်။



9. Sulfites နှင့် Sulfites ပါ၀င်သော အစားအစာများ

Sulfites ကို အစားအစာအမျိုးမျိုးမှာ ထည့်သွင်းလေ့ရှိတာကြောင့် မ၀ယ်မီနှင့် မစားသုံးမီမှာ အညွှန်းစာရွက်ကို သေချာစွာဖတ်ဖို့လိုအပ်ပါတယ်။



10. တရုတ်တိုင်းရင်းဆေးများ

အထူးသဖြင့် Rhizoma Coptidis (huang Lien), Calculus Bovis (neu huaung), Flos Chimonanthi Praccocis (lch mci hua), Flos Ionicerae (Kam ngan fa), Margarita, Gan Cao (Licarice root) စတာတွေပါ၀င်တဲ့ တရုတ်တိုင်းရင်းဆေးတွေဟာ G6PD ချို့တဲ့သူတွေရှောင်းရှားသင့်တဲ့အရာတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.