
သင့်အနေနဲ့ ကိုယ်ဝန်လွယ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့အခါ သောက်နေကြ သန္ဓေတားဆေးများကို ရပ်တန့်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ တစ်ချို့အမျိုးသမီးတွေဟာ တားဆေးများ ဖြတ်လိုက်ပြီး မကြာမီမှာပဲ ကျန်းမာတဲ့ မမျိုးဥများ ပြန်လည် ထုတ်လုပ်လာနိုင်ပြီး ဓမ္မတာလာတဲ့ရက် ပြန်မှန်လာပါတယ်။
တကယ်လို့သင်ဟာ သုံးလကြာမြင့်သည့်တိုင် ရာသီမလာဘူးဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသရပါမယ်။ ဒါပေမယ့် ဒါဟာ အရမ်းကြီး စိုးရိမ်ရမယ့် အခြေအနေတစ်ရပ်တော့ မဟုတ်ပါဘူး။ အချို့သော ကျွမ်းကျင်သူများက ရာသီလာခြင်း ပုံမှန်ပြန်ဖြစ်တဲ့အချိန်အထိ ကိုယ်ဝန်ယူခြင်းကို စောင့်ဆိုင်းဖို့ အကြံပြုကြပါတယ်။
သင်ဟာ သန္ဓေတားဆေးများကို ဖြတ်ပြီး သိပ်မကြာခင်မှာဘဲ ကိုယ်ဝန်ရခဲ့မယ်ဆိုရင်လည်း ဒါဟာ သင့်ရဲ့ကိုယ်ဝန်အပေါ် တစ်စုံတစ်ရာ အန္တရာယ် မဖြစ်စေပါဘူး။ ပုံမှန်ရာသီလာခြင်းမတိုင်မ် အနည်းငယ်စောင့်ဆိုင်းလိုက်ခြင်းက တိကျသော သတ်မှတ်ရက်ရရှိဖို့ ကူညီနိုင်ပါတယ်။
တကယ်လို့သင်ဟာ သန္ဓေတားဆေးများ သောက်သုံးနေချိန်မှာဘဲ မတော်တဆ ကိုယ်ဝန်ရှိလာပါက ကိုယ်ဝန်မှာ အန္တရာယ် တစ်စုံတစ်ရာ မဖြစ်ပေါ်အောင် ဆရာဝန်ထံ ချက်ချင်းသွားရောက်ပြီး ကုသမှု ခံယူရပါမယ်။
HYA (kyarlay)