ဗိုက်ထဲကဘေဘီလေးတွေ ဘာတွေကိုခံစားမိနိုင်လဲ
ကိုယ့်ရဲ့ဘေဘီလေးတွေက ဗိုက်ထဲမှာမို့လို့ ဘာမှမသိဘူးလို့
မထင်လိုက်ပါနဲ့မေမေတို့ရေ။သူတို့လေးတွေဗိုက်ထဲကနေ
ခံစားမိနိုင်တဲ့ အံ့သြစရာအချက်ငါးချက်ကဘာတွေလဲသိရအောင်
အောက်မှာဖတ်ကြည့်လိုက်ပါဦး
(၁) မိခင်ရဲ့အထိအတွေ့
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ဗိုက်ပေါ်ကို တစ်ယောက်ယောက်က
လက်တင်လိုက်ရင် ဘေဘီလေးတွေက အဲဒါကိုခံစားမိပါသတဲ့နော်
ဗိုက်တစ်နေရာပေါ်မှာ လက်လေးကိုတင်ထားလိုက်ရင် ဘေဘီလေးက
အဲဒီနေရာကို ကန်လိုက်တာမျိုးရှိနိုင်ပါတယ်။ဒီတော့ မေမေတို့က
ဗိုက်လေးကိုလက်နဲ့ပွတ်သပ်ပေးပြီး ဘေဘီလေး အပြင်လောကကြီးထဲ
ရောက်လာမှာကို စိတ်ရှည်ရှည်နဲ့စောင့်နေကြောင်း အသိပေးလိုက်ပါနော်
(၂)သီချင်းသံ
National Childbirth Trust ရဲ့ ဒါရိုက်တာ ကိုယ်ဝန်ဆောင်ဆိုင်ရာ
သင်ကြားပို့ချရေးဆရာ Barbara Kott ရဲ့အဆိုအရ ဘေဘီလေးတွေဟာ
၂၀ ပတ်သားမှာ အသံတွေကို သိသိသာသာတုံ့ပြန်တတ်တယ်လို့
သိရပါတယ်။သီချင်းသံတွေအပြင် မိခင်ရဲ့ နှလုံးခုန်သံ
အစာခြေဖျက်သံနဲ့ သွေးစီးဆင်းသံတွေအပြင် တခြားအသံတွေကိုပါ
ဗိုက်ထဲကနေခံစားနိုင်စွမ်းရှိပါတယ်တဲ့နော်
(၃)ဆေးလိပ်မီးခိုးအရသာ
Lancaster နဲ့ Durham တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တတ်တဲ့ မိခင်တွေရဲ့
ဗိုက်ထဲကရင်သွေးလေးတွေဟာ ပါးစပ်လှုပ်ရှားမှုနှုန်းပိုများပြီး
ပါးစပ်နဲ့ မျက်စိကို လက်နဲ့အုပ်တတ်တာတွေ့ရပါတယ်။
ဒီလိုလှုပ်ရှားမှုဟာ ဆေးလိပ်ငွေ့နဲ့ အဆိပ်ကြောင့်ဖြစ်စေတဲ့
စိတ်ဖိစီးမှုတုံ့ပြန်ချက်ဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
(၄) နေအလင်းရောင်
ဗိုက်ထဲကဘေဘီလေးတွေက ၂၂ ပတ်လောက်ရောက်မှ
မျက်လုံးပွင့်တယ်ဆိုပေမဲ့ ၁၅ ပတ်လောက်ကတည်းက
နေအလင်းရောင်နဲ့ တခြားအလင်းရောင်တွေကို သတိပြုမိနေပါပြီ
ဒါပေမဲ့လည်း အဲဒီအလင်းရောင်တွေက သူတို့မျက်လုံးကို
ထိခိုက်စေလားဆိုရင်တော့ ထိခိုက်စေမှာမဟုတ်ပါဘူးတဲ့ရှင်
(၅)မုန်လာဥနီနဲ့ တခြားအစားအစာအရသာများ
ဘေဘီလေးတွေက ဗိုက်ထဲကနေ အစားအစာအရသာတွေကို
မှတ်မိနိုင်ပါသေးတယ်။လေ့လာချက်တစ်ခုအရ တတိယသုံးလပတ်မှာ
မုန်လာဥနီဖျော်ရည်များများသောက်ပေးတဲ့ မိခင်ကနေ
မွေးဖွားလာတဲ့ကလေးက ဖြည့်စွက်စာကျွေးတဲ့အချိန်နဲ့ နောက်ပိုင်းမှာ
တခြားကလေးတွေထက် မုန်လာဥနီကို ခုံခုံမင်မင်စားသောက်တတ်ကြောင်း
သိရပါတယ်
ကဲ ဗိုက်ထဲကဘေဘီလေးတွေ ဘာတွေကြိုက်တတ်လဲသိပြီဆိုတော့
သူတို့ကြိုက်တာလေးတွေလုပ်ပေးဖို့မမေ့နဲ့ဦးနော် မေမေတို့ရေ
By Smarty Fashion
Photo credit