
ကျားလေးမှာရှိတဲ့ နို့တိုက်မေမေတို့ရေ ရင်သေွးငယ်လေးတေွကို မိခင်နို့ရည် လုံလုံလောက်လောက်တိုက်ကျေွးနိုင်ဖို့အတွက် မေမေတို့ဆောင်ရွက်ရမယ့်နည်းလမ်းလေးတေွကို မှျဝေပေးမယ်နော်။ ရင်သေွးငယ်လေးတေွကို အသက် ၆ လပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျေွးဖို့လိုအပ်ပါတယ်။ အဲ့ဒါကြောင့်လည်း မေမေတို့မှာ နို့ချိုလုံလုံလောက်လောက်ထွက်ရှိနေဖို့လိုအပ်တာပေါ့နော်။ ဒါမှလည်း ရင်သေွးငယ်လေးတေွအတွက် အာဟာရပြည့်ဝတဲ့နို့ရည်ကို လုံလုံလောက်လောက်တိုက်ကျေွးနိုင်မှာပါ။

တချို့မိခင်တေွက နို့ထွက်နည်းတာကြောင့် ရင်သေွးလေးရော၊ မေမေရော စိတ်ညစ်နေရမှာပေါ့နော်။ မေမေတို ့နို့ထွက်များချင်ရင်တော့ နို့တိုက်ချိန်မရောက်မီကိုယ်ဝန်ဆောင်ချိန်မှာကတည်းက အစားအစာတေွကို မှျတအောင် စားသုံးပေးသင့်ပါတယ်။ နို့ထွက်များျစေဖို့ ဟင်းခါး၊ ဟင်းချို၊ ဖျော်ရည်၊ ရေ၊ နို့စတာတေွကိုနေ့စဉ်ပိုမို သောက်ပေးဖို့လိုပါတယ်။ ကလေးနို့တိုက်နေတဲ့ တစ်လေှျာက်လုံးနေ့တိုင်း အရည်တစ်မျိုးမျိုးကို ဟင်းရည်သောက်ပန်းကန်လုံး ၆ လုံးခန့်သောက်ပေးဖို့ လိုပါတယ်။ ပိုမိုအနားယူပေးဖို့လည်း လိုပါတယ်။ ကလေးနို့များများစို့တာကလည်း နို့ထွက်ပိုများလာစေပါတယ်နော်။ နောက်ပြီး ကလေးကိုနို့တိုက်ပြီးတိုင်းမှာ နို့ရည်ကျန်တေွကို ညှစ်ထုတ်ပစ်သင့်ပါတယ်။ အဲ့ဒါမှလည်း နောက်တစ်ကြိမ် နို့တိုက်တဲ့အခါ နို့ရည်တေွှပန်ပြီးပြည့်ဝနေမှာဖြစ်ပါတယ်နော်။
Ref;HM (ကျားလေး)