နို့သီးခေါင်းမသန့်ရှင်းခြင်းကြောင့် ရင်သွေးလေး ခံတွင်းအနာဖြစ်ခြင်းမှာ များစွာသော လက္ခဏာရပ်များ ရှိပါတယ်။ နို့တိုက်ကျွေးပြီးနောက် နာကျင်ခြင်း ၊ သိသိသာသာအက်ကွဲခြင်း ၊ အနီရောင် သို့မဟုတ် တောက်ပသောအရောင်ပြောင်းခြင်း ၊ ရင်သား၂ဖက်စလုံး ဆိုးဆိုးရွားရွား နာကျင်ခြင်း တို့ဟာ သိသာထင်ရှားပါတယ်။
ထိုသို့ဖြစ်ရာတွင် ဖျားနာခြင်းနှင့် နောက်ဆက်တွဲကူးစက်ရောဂါများ မဖြစ်ပေါ်စေနိုင်ပါ။ အခြားလက္ခဏာများ ပြသနေပါက ရင်သားကင်ဆာရဲ့ လက္ခဏာရပ်များသာ ဖြစ်ပါတယ်။ ရင်သွေးလေးမှာ နို့သီးခေါင်းနာဖြစ်ပေါ်နေပါက ကူးစက်စေနိုင်ပါတယ်။
နို့သီးခေါင်းအက်ကွဲစဉ်နို့တိုကျွေးခြင်းကြောင့် အဖြစ်များပါတယ်။ နို့တိုက်ကာလမှာ ပဋိဇီဝဆေးများ သောက်သုံးခြင်းကြောင့်လည်း ဖြစ်နိုင်ပြီး ၎င်းသည် ဘက်တီးရီယားပိုးကို လျော့ချပေးပေမယ့် နို့သီးခေါင်းနာဖြစ်စေသော မှိုကို ဖြစ်ပေါ်စေပါတယ်။
နို့သီးခေါင်းနာဖြစ်ပေါ်တဲ့အခါ ရောဂါပိုးဝင်ရောက်မှု ရှာဖွေဖို့ ခဲယဉ်းပါတယ်။ သင့်ရဲ့ နို့သီးခေါင်း နာခြင်း ၊ ကျင်ခြင်း အက်ခြင်း အများဆုံးဖြစ်နိုင်တဲ့အကြောင်းရင်းမှာ ကလေးငယ်နို့တိုက်ကျွေးပုံ မမှန်သောကြောင့်ပဲ ဖြစ်ပါတယ်။
HYA (kyarlay)