
ဆေးကတ်ကို ဘယ်တော့စသောက်ရမလဲဆိုတော့ ဆေးကတ်က စသောက်ပြီး ရ ရက်နေမှ အာနိသင်က အပြည့်အဝရတာဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီစပေါ်တဲ့ ရက်ကနေ ၅ ရက်အတွင်းမှာ စသောက်နိုင်ရင် သန္ဓေတားတဲ့ အာနိသင်က အပြည့်ရှိတဲ့အတွက်ကြောင့်မို့ ပထမ ရ ရက်ကို ဘာမှစိတ်ပူစရာမလိုဘူး။ တကယ်လို့ အဲဒီလိုရက်မျိုးမှာ မသောက်လိုက်မိဘူး။ နောက်ကျသွားတယ်။ နောက်ကျပြီးမှ သောက်ရတယ်ဆိုရင်တော့ ပထမ ရ ရက်အထိက စိတ်မချရဘူး။ ဆေး ရ လုံးဝင်ပြီးမှ စိတ်ချရမယ်။ အဲဒါကြောင့် အဲဒီ ရ ရက်အတွင်းမှာတော့ တခြားနည်း ကွန်ဒုံးတို့ဘာတို့ကိုတော့ တွဲပြီးတော့ သုံးသင့်ပါတယ်။
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ မြသီတာ