ကလေးတေွက စကားမပြောတတ်သေးတော့ ပျော်လို့ရှိရင် ပျော်တဲ့အမူအရာက သိသာတယ်။ တစ်ကိုယ်လုံး လှုပ်ရှားပြီးတော့ အသံတေွဘာတေွ ထွက်လာတာ ရှိတယ်။ အဲဒါက သူတို့ရဲ့ မျက်နှာကိုကြည့်လိုက်၊ သူတို့ရဲ့ ကိုယ်လက်တေွရဲ့ လှုပ်ရှားမှုကို ကြည့်လိုက်ရင်သိသာတယ်။ အဲလိုမဟုတ်ဘဲ သူတို့မှာ မသက်မသာဖြစ်ရင်လည်း အသံက သူတို့မှာသက်မသာဖြစ်တဲ့ အသံနဲ့ ထုတ်ဖော်ပြောပြတတ်ကြတယ်။ ဒါကြောင့် ကလေးက စကားမတတ်သေးတဲ့အခါမှာ လူကြီးက ကလေးရဲ့အမူအရာတေွကို ကြည့်ပြီးတော့ ဒါဆိုရင်ကလေးဟာ စိတ်ခံစားမှုဟာ မသက်မသာဖြစ်နေပြီ။ ဒါဆိုရင်တော့ ကလေးက စိတ်ခံစားချက်ကောင်းနေပြီ ဆိုတာကို သိရမယ်။ အဲဒီတော့ ကလေးကစိတ်မသက်မသာ ဖြစ်နေပြီဆိုတာကို သိပြီဆိုရင်တော့ အကောင်းဆုံး ဘာလိုအပ်နေပြီဆိုတာ သိအောင်လုပ်ပြီးတော့ အမြန်ဆုံးဖြည့်ဆည်းပေးရင် ကလေးက ကောင်းတဲ့ခံစားမှု ဖြစ်လာပါလိမ့်မယ်။
ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးစိတ်ပညာဌာနမှ အငြိမ်းစားပါမောက္ခဒေါက်တာသိန်းလွင