စျေး မီဒီယာ

Posted by Aye Myat Noe July 24, 2020

ကိုယ်ဝန်ရှစ်ပတ်မှာသွေးဆင်းလို့ သောက်ခဲ့ရတဲ့ susten 100 ဆိုတဲ့ ပရိုဂျက်စတီရုန်း အကြောင်း ဗဟုသုတရအောင်လို့ ဆရာကြီး ဒေါက်တာတင့်ဆွေရေးထားတာလေး ယူလာခဲ့တာပါ။ ဖတ်မှတ်သိနိုင်ကြပါစေ။

Progesterone ပရိုဂျက်စတီရုန်း

(ကန်တော့)

၁။ ဆရာရှင့် သမီးအသက်၂၂ပါ အိမ်ထောင်ရှိပါတယ် ကိုယ်ဝန်မရှိပါ ရာသီမလာတာ သုံးလနဲ့ နှစ်ပတ်နီးနီးရှိပါပြီ
ဆရာဝန်က Progesterone 100mg ကို မနက်တလုံး ညတလုံးသောက်ခိုင်းပါတယ် ဒီဆေးက ရာသီလာဖို့ ထောက်ပံ့ပေးလားသိချင်ပါတယ် သမီးသိထားတာ ကိုယ်ဝန်ခိုင်ဆေးလို့သိထားလို့ပါ ကိုယ်ဝန်ရချင်တာ မဟုတ်ပါ ရာသီပြန်လာစေချင်တာပါရှင့်။

၂။ ဆရာရှင့် အသက် ၃၂ အိမ်ထောင်သည် အမျိုးသမီးပါ အခု ကိုယ်ဝန်၄လထဲမှာပါ ပထမကိုယ်ဝန်ပျက်ဖူးတော့ OG က progesterone ခိုင်ဆေး ၁၀၀mgကို မနက် ၁လုံး ညတလုံးသောက်ခိုင်းပါတယ် Progesterone ရဲ့ ရေရှည် ဆိုးကျိုးလေး သိချင်လို့ပါရှင်

၃။ ဆရာရှင့် ကျွန်မအသက်က ၄ဝ ပါ။ ဆီးချိုရှိပါတယ်။ ကိုယ်ဝန်က ၅ ပါတ်ပါရှင့်။ metformin သောက်နေပါတယ်။ A1C က 5.1 ရှိပါတယ်ရှင်။ OG နဲ့လည်းပြနေပါတယ်ရှင်။ ကိုယ်ဝန် ၂ ကြိမ်ပျက်ဖူးပါတယ်။ OG က ကျွန်မကို progesterone 100mg ကို တနေ့နှစ်ကြိမ်သောက်ခိုင်းပါတယ်။ ဒီဆေးရဲ့ကောင်းကျိုးဆိုးကျိုးကိုသိချင်ပါတယ်ရှင်။

၄။ ရန်ကုန်ခဏပြန်တုန်း အိုဂျီနဲ့ပြခဲ့တယ်။ ဆရာဝန်က folid acid နဲ့ အားဆေး တမျိုး တွဲသောက်ခိုင်းတယ်။ အခု့့့့့ ရောက်တော့ အားဆေးဝယ်မရလို့ ဘယ်လိုဆေး သောက်ရမလဲ ပြောပြပါဆရာ။ Progesterone Test Result က 1.36mg/ml ဆိုတာ ဘာကိုဆိုလိုတာလဲ ဆရာရှင်းပြပေးပါဦး။

၅။ ဆရာ Utrogestan ဆေးက ကလေးယူဖို့ကြိုးစားနေတဲ့အချိန်မှာ သောက်လို့ရပါသလားရှင့်။ side effect ကော ဘယ်လိုရှိပါသလဲ။

၆။ ဆရာ သမီးက့့့့့ မြို့ကပါ။ အခုဆေးဘဲပေးလိုက်ပါတယ်။ ကလေးမြဲဆေးပါတဲ့။ ဒီဆေးနဲ့ လောလောဆယ် အဆင်ပြေလားသိချင်ပါတယ်။ susten 100 ဆေးလုံး အဖြူလေးတွေပါ။ ၂ ပတ်သောက်ခိုင်းပါတယ်ရှင့်။ တခြားသူတွေ ပြောတာ သားအိမ်ခိုင်ဆေးထိုးပေးတယ်တဲ့။ ဆရာမကစားဆေးပဲပေးတယ်။ လုံလောက်ပါသလားဆရာ။ သမီး TV စလောင်းမှာ Home heath လိုင်းမှာဆို သားဖွားဆရာဝန်တွေက လူနာကိုဖြစ်စဉ် အကျိုးအကြောင်း ရှင်းပြတင်ပင်တယ်။ ဒီမှာက အားကိုးလို့ OG နဲ့ပြမှ ပိုဆိုးတယ်။ မြန်မြန်ပြပြီး ပြန်ထွက်လာရတယ်။ သဘောလောက်ဘဲ သိရတော့ ဘဝင်မကျဘူး။ သမီးရဲ့ စစ်ချက်တွေကိုလဲ ပို့ပေးပြီးမေးပါရစေ။ မနေ့ကဆို ဆေးဆိုင်ရောက်မှ 100 အားလား 200 အားလားမေးပြီး ဆေးဝယ်ရတယ်။ အရင်ဆေးစာရေးထဲကမပါဘူး။ ကျေးဇူးတင်ပါတယ်ဆရာ။

ပရိုဂျက်စတီရုန်းဟာ အမျိုးသမီးဟော်မုန်းတမျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ဟော်မုန်းလို့ခေါ်နိုင်တယ်။ မရှိလို့မဖြစ်ပါ။ နည်းရင် များရင်လည်း မကောင်းပါ။ IVF ကိုယ်ဝန်အောင်မြင်စေအောင် အထောက်အကူပေးနည်းတွေမှာသုံးတယ်။ တနေ့ ၁ ခါ တင်ပါးမှာထိုးတယ်။ အဆီနဲ့ လုပ်ထားတယ်။ အပ်ရှည်သုံးတာကောင်းတယ်။

မေးခွန်းထဲက Utrogestan ဆေးရော Susten ဆေးဟာ ပရိုဂျက်စတီရုန်းဖြစ်တယ်။ ကိုယ်ဝန်ဆောင်နေစဉ် သွေးနည်းနည်းဆင်းတာလည်း ပေးတယ်။ ကလေးရစေအောင်လည်းပေးတယ်။ သားအိမ်အတွင်းဆုံးအလွှာ အောက်မှာ ရှိနေတဲ့ အကျိတ်ရောဂါနဲ့ သားအိမ်ကင်ဆာအတွက်လည်းသုံးတယ်။ Susten (progesterone) ကို တနေ့ ၁-၂ ကြိမ် ပေးတယ်။ ထိုးဆေး၊ စားဆေးအပြင် မွေးလမ်ကြောင်းထဲ ထည့်ဆေးအနေနဲ့လည်းလာတယ်။

ရာသီမမှန်တဲ့ အမျိုးသမီးတွေအတွက်ပါသုံးတယ်။ ရာသီမလာသူတွေကို Progesterone 5-10 mg ကို ၆-၈ ရက်ဆက် ထိုးပေးတယ်။ မျိုးဥအိမ်ကဆေးကို တုန့်ပြန်မှု ရှိသူတွေမှာ ဆေးထိုးပြီး ၂-၃ ရက်နေရင် သွေးဆင်းမယ်။ နောက်လတွေမှာ ပုံမှန်ပြန်ဖြစ်နိုင်တယ်။

(က) ကိုယ်ဝန်မဆောင်မီသုံးခြင်း
လလယ်ရက်မှာ မျိုးဥထွက်ပြီးတာနဲ့ ပရိုဂျင်စတီရုန်းထွက်လာရမယ်။ မျိုးဥအိမ်ကနေ သဘာဝအတိုင်း ထုတ်ပေးနေတဲ့ ဟော်မုန်း နည်းနေရင်။ ဒါမှမဟုတ် လုံးဝထုတ်မပေးရင်လည်း ပရိုဂျင်စတီရုန်းကိုပေးရတယ်။ သူရှိမှသာ သားအိမ် အတွင်းဆုံးလွှာက ကောင်းမယ်။

(ခ) ကိုယ်ဝန်ဆောင်ချိန်သုံးခြင်း
ပရိုဂျင်စတီရုန်းကနေ သန္ခေသားဖွံ့ထွားစေဘို့ကူညီတယ်။ သန္ခေသားက သားအိမ်အတွင်းလွှာမှာ လာကပ်ပြီးတာနဲ့ ဆက်ပြီးတည်မြဲနေစေဘို့ လိုအပ်တယ်။ ကိုယ်ဝန် ၈-၁ဝ ပါတ်နောက်မှာ အချင်းဖြစ်လာပြီး ပရိုဂျင်စတီရုန်းထုတ်ပေးဘို့ တာဝန်ယူလာတယ်။

ပရိုဂျင်စတီရုန်းအမျိုးမျိုး
၁။ Vaginal gel ဗဂျိုင်းနားထည့်ရတဲ့ ဂျဲလ်ကို တနေ့ ၁ ခါထည့်ရတယ်။ မျိုးဥအလှူခံတဲ့နည်းကိုယ်ဝန်နဲ့ အေးခဲထားတဲ့ သန္ခေကို ပြောင်းပို့တာမျိုးအတွက် ကိုယ်ဝန် ၁၂ ပါတ်အထိ ထည့်စေတယ်။

၂။ Vaginal suppositories ဗဂျိုင်းနားထဲထည့်ဆေး
တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။

၃။ Vaginal inserts ဗဂျိုင်းနားထဲထည့်ဆေး
အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေကိုသုံးတာများတယ်။ တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။

၄။ Progesterone oral capsules သောက်ဆေး
တနေ့မှာ ၃ ခါထည့်နိုင်တယ်။ မွေးလမ်းထဲထည့်ဘို့ မညွှန်းပါ။

ဘေးထွက်ဆိုးကျိုးများ = ကြားရက်သွေးဆင်းတာ၊ အစက်ကလေးသာဆင်းတာ၊ အရင်ကနဲ့ မတူတာ။ ကိုယ်အလေးချိန် ပြောင်း (ပိန်-ဝ) တာ၊ ကိုယ်ရောင်တာ၊ သားအိမ်ဝကအဖြူဆင်းတာ၊ အသားဝါ၊ ရင်သား တင်းနာတာ၊ ဆေးထိုးတဲ့နေရာ နာတာ-ယားတာ၊ ဝက်ခြံထွက်တာ၊ အမွှေးထူတာ၊ စိတ်ကျတာ၊ ကိုယ်ပူတာ၊ အိပ်မပျော်တာ၊ ပျို့တာတွေဖြစ်နိုင်တယ်။

ဘယ်လိုအမျိုးသမီးတွေကို ဒီဆေးမပေးသင့်သလဲ
သွေးပြန်ကြောရောင်သူ၊ အသည်းမကောင်းသူ၊ ရင်သားနဲ့ မျိုးပွါးလမ်း ကင်ဆာရှိသူ၊ မွေးလမ်းကြောင်းကနေ အကြောင်းမှန် မသိရဘဲ သွေးဆင်းနေသူ၊ Missed abortion ကိုယ်ဝန်ပျက်သူ။

အမျိုးသမီးရဲ့ မျိုးဥအိမ်ဖေါ်လီကယ်ကနေ နေ မျိုးဥထွက်ပြီးတဲ့ကျန်တာကို ကောပတ်စ် လူတီယမ်ခေါ်တယ်။ သူကနေ ပရိုဂျက်စတီရုန်းဟော်မုန်း ၁၂-၁၆ ရက်ကြာ ထုတ်ပေးတယ်။ သားအိမ်ကို သန္ဓေဖြစ်လာရင် လာပြီး တွယ်ကပ်စေဘို့ ပြင်ဆင်ပေးတာဖြစ်တယ်။ မျိုးဥနဲ့ သုက်ပိုးတွေဆုံ-ပေါင်းစပ်မှုဖြစ်ပြီးကြရင်လဲ အဲဒီကနေ ပရိုဂျက်စတီရုန်းဟော်မုန်းကို ကိုယ်ဝန် ၁ဝ ပါတ်အထိ ဆက်ထုတ်ပေးနေအုံးမယ်။

ပရိုဂျက်စတီရုန်းဟာကိုယ်ဝန်အတွက် အလွန်အရေးကြီးပါတယ်။ ကောပတ်စ် လူတီယမ်ကနေ လုံလောက်အောင် ထုတ်မပေးနိုင်ရင် ကိုယ်ဝန်မြဲပါ။ သူကနေ ခုခံမှုစနစ်ကို တားပေးမယ်၊ ပရိုစတက်ဂလင်ဒင်နည်းစေမယ်၊ သားအိမ် အချိန်မတန်ဘဲ ညှစ်မှာကို တားထားမယ်။ ကိုယ်ဝန်ရှိ-မရှိစမ်းတဲ့ hCG အချင်းဟော်မုန်းနဲ့အတူ ပရိုဂျက်စတီရုန်း ဟော်မုန်းတို့ဟာ ပုံမှန်ကိုယ်ဝန်ဟုတ်-မဟုတ်ကို တိုင်းတာစရာတွေတယ်။

ပရိုဂျက်စတီရုန်းက ၂-၃ ရက်မှာ 1-3 mg/ml တိုးတိုးလာရမယ်။
• ကိုယ်ဝန် နုကာစမှာ 10 mg/ml အနည်းဆုံးရှိနေသင့်တယ်။
• ကိုယ်ဝန် ၅-၆ ပါတ်မှာ 12-20 mg/ml ရှိနေသင့်တယ်။
• ကိုယ်ဝန် ပဌမ ၃ လ = 9-47 mg/ml (11.2-90.0 mg/mL)
• ကိုယ်ဝန် ဒုတိယ ၃ လ = 17-147 mg/ml (25.6-89.4 mg/mL)
• ကိုယ်ဝန် တတိယ ၃ လ = 55-200 mg/ml (49-300 mg/ml)
• ရာသီစက်ဝန်းထဲမှာလဲ ပြောင်းနေတယ်။
• ရာသီရက် ၁-၁၄ ရက် = >1 to 1.5ng/ml
• ရာသီရက် ၁၅-၂၈ ရက် = 2-28 mg/ml (5 to 20 mg/mL)

ပရိုဂျက်စတီရုန်းကို မျိုးဥအိမ်၊ ကျောက်ကပ်အထက်မှာအဖုံးလိုကပ်နေတဲ့ အဒရီနယ်ဂလင်းနဲ့ ဦးနှောက်အောက်နားက အိတ်ကလေးတွေကနေ အလိုလိုထုတ်ပေးနေတာဖြစ်တယ်။ ကိုယ်ဝန် ၈ ပါတ်ကစပြီး အချင်းကနေထုတ်ပေးတယ်။ သူ့ကြောင့်လည်း ဆီးပိုသွားစေတယ်။ စိတ်မကျအောင်လည်းလုပ်ပေးတယ်။ လိင်စိတ်ပိုစေတယ်။ စိုးရိမ်စိတ် နည်းစေတယ်။ Feel good hormone နေလို့ထိုင်လို့ကောင်းစေတဲ့ဟော်မုန်းလို့လည်းခေါ်ကြတယ်။

ဒေါက်တာတင့်ဆွေ

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.