စျေး မီဒီယာ
အခြား

သင့်ကလေးကို စာကြည့်စားပွဲမှာ တစ်ချိန်လုံးထိုင်ကာ စာပဲ ကြည့်ခိုင်းတော့မှာလား

Posted by Zaw Lin Aung July 23, 2020
Jmfocsmg0ww63qymgcs8

ကျောင်းက စာသင်ခန်းတွေမှာ ဆရာ ဆရာမတွေက ကလေးတွေကို ငြိမ်ငြိမ်လေး ထိုင်ခိုင်းထားပြီး စာသင်ပြနေကြတာဟာ သာမန်လုပ်ရိုးလုပ်စဉ် တစ်ခုပါ။ ကျောင်းသားတစ်ယောက်ဟာ ထိုင်ခုံမှာ ငြိမ်ငြိမ် လေးထိုင်ပြီး စာကြည့်နေခြင်းဖြင့် သေသေချာချာ အာရုံစူးစိုက်နိုင်လိမ့်မယ်လို့ ထင်နေကြပါတယ်။ အရွယ် ရောက်ပြီးသူ ကျောင်းသား ကျောင်းသူတွေ (ဥပမာ၊ တက္ကသိုလ် ကျောင်းသားတွေ)ကတော့ စာလေ့လာရာမှာ အချိန်အကြာကြီးနဲ့ တစ်ဆက်တည်း မလေ့လာကြတော့ပါဘူး။ ခဏအနားယူတာမျိုး၊ မတ်တပ်ရပ် စာကျက်တာမျိုး စတာတွေလုပ်တတ်ကြပါတယ်။ ဒါပေမဲ့လည်း မူလတန်းနဲ့ အလယ်တန်း ကလေးတွေအနေနဲ့ကျတော့ လူကြီးတွေ၊ ဆရာဆရာမတွေရဲ့ ထားရာနေ၊ စေရာသွားပါတယ်။ စာလေ့လာရာမှာ သူတို့အတွက် သက်တောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတွေကို မရှာဖွေတတ်ကြသေးပါဘူး။
အောက်ဖော်ပြပါ အချက်တွေက တစ်နေကုန်ထိုင်ပြီး စာသင်နေရာက ရလာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေပါပဲ။

Sry9aaogpoxrqkvpufnh

၁။ အချိန်အကြာကြီး ထိုင်၍ စာကျက်နေမယ်ဆိုရင် အဝလွန်လာမှာပါ
---------------------------------------------------------------------

စာတစ်ခုတည်းကိုပဲ အာရုံစိုက်စေချင်တဲ့ ဆန္ဒနဲ့ ကိုယ်လက်လှုပ်ရှားအားကစားတေွ မလုပ်ခိုင်းဘဲ စာကြည့်စားပွဲနဲ့တစ်နေကုန် မျက်နှာအပ်ထားတဲ့ ကလေးတစ်ယောက်ဟာ ခန္ဓာကိုယ်မှာ အဆီတေွ တတ်လာနိုင်ပါတယ်။ ဒီလို ကလေးမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတေွဟာ အဝလွန်တဲ့ လူကြီးတစ်ယောက်မှာရှိတဲ့ ပြဿနာတေွနဲ့ အတူတူပါပဲ။ ယနေ့ခေတ် ကလေးတော်တော်များများဟာ ဒီလို အန္တရာယ်တေွ ရှိနေပါတယ်။ဒါကြောင့် မိမိကလေးကို ဒီလိုမဖြစ်စေချင်ရင်တော့ အားကစားလှုပ်ရှားမှုတေွမှာ ပါဝင်ခိုင်းပါ။ စာပဲ တစ်ချိန်လုံး မလုပ်ခိုင်းပဲ ဘောလုံး ၊ ဝူရှူး၊ ရကေူးစတဲ့ အားကစားတေွ ပြုလုပ်ခိုင်းပါ။

Mjqpxmqgf6wffhbyqsne

၂။ စာတော်သင့်သလောက် မတော်ဘဲ ရှိနေမယ်
-------------------------------------------------

ကိုယ်လက်လှုပ်ရှား အားကစားလုပ်တတ်တဲ့ ကလေးတေွဟာ အာရုံစူးစိုက်မှုအားနဲ့ မှတျဉာဏျ ပိုမိုကောင်းမွန်တာကို သတိထားမိနိုင်ပါတယ်။ ကလေးတေွမှာ စာတော်ခြင်း ၊မတော်ခြင်းဟာ အာရုံစူးစိုက်နိုင်မှု အပေါ်မှာ များစွာမူတည်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို တစ်နေ့မှာ မိနစ်( ၃ဝ )သာလုပ်ခြင်းအားဖြင့် မိမိကလေးဟာ လစဉ်ပညာရည် တိုးတတ်မှုမှတ်တမ်းမှာ ထိပ်ရောက်နေမှာပါ။ ဒါကြောင့် စာသင်ကျောင်းတေွမှာ ကိုယ်လက်လှုပ်ရှားအားကစားအချိန်တေွကို စာသင်ချိန် အချိန်စာရင်းထဲ ထည့်သွင်းသင့်နေပါပြီ။

Qr9bbc2xfewzhhrkmmll

-------------------------------------------------------------------------------------------------------------------

#Ref( ဒေါက်တာမှူးခင် - ကလေးနဲ့ စာကြည့်ချိန်ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.