မေမေဖေဖေတို့ရေ ဒီရာသီက မိုးရွာလိုက်၊နေပူလိုက်ဖြစ်နေလို့ ကလေးတွေ ဖျားတတ်ကြတယ်နော်။
ကလေးငယ်လေးတွေက ခန္ဓာကိုယ်အပူချိန် မထိန်းနိုင်သေးတော့
ကျောပူ ခေါင်းပူဖြစ်တတ်ကြတယ်။
ကျောပူ ခေါင်းပူဖြစ်တာနဲ့ ဖျားတာ မကွဲဘူးဆိုရင် အဖျားတိုင်းကြပါနော်။
ကလေးရှိတဲ့ အိမ်က သာမိုမီတာ မဖြစ်မနေဆောင်ထားရပါမယ်။
ဈေးသက်သာတဲ့ ပြဒါးနဲ့ သာမိုမီတာလေးတွေရှိပါတယ်။
ပုံမှန်ကိုယ်အပူချိန်က 97° F ကနေ 98.5°F ရှိပါတယ်။
3လအောက် ကလေးအဖျား 100°F ရှိနေရင်၊
6လအောက်ကလေး 102°F ရှိနေရင် ဆေးခန်းပြရပါမယ်နော်။
6လအောက် ကလေးလေးတွေ အဖျားအရမ်းကြီးရင် ရေပတ်တိုက်ရ မလွယ်ကူရင် ကလေးအနှီးကို ရေစွတ်ပြီး ရေစင်အောင်ညှစ်ပါ။ ပြီးရင် ကလေးကို အဝတ်အကုန်ချွတ်ပြီး 1မိနစ်အောင် ပတ်ထားပါနော်။
သားလေးတုန်းက အဲ့လိုလုပ်ပေးတာ အဖျားတန်းကျသွားပါတယ်။
ပြီးရင်တော့ လေဝင်လေထွက်ကောင်းတဲ့ လက်ရှည်ဘောင်းဘီရှည်ဝတ်ပေးပါ။
နေမကောင်းလို့ဆိုပြီး အဝတ်ထူတွေ ဝတ်ပေးတာ။စောင်အထူတွေ ခြုံပေးတာ လုံးဝမလုပ်ရပါဘူး။
ကလေးအဖျားကြီးတတ်ပါတယ်နော်။
❣️သိသလောက်လေးတွေ ဝေမျှတာပါ။မေမေတို့ရော ကလေးလေးတွေဖျားရင် ဘယ်လိုပြုစုကြလဲ။ဝေမျှပါဦးနော်❣️