မိဘတေွက ကလေးရဲ့အိပ်တတ်တဲ့ သဘာဝလေးကို နားလည်ဖို့လိုပါတယ်။ ကလေးတေွက မေွးကင်းစကနေ တစ်လလောက်အတွင်းမှာ သူတို့က အိပ်ချိန်က အများစုဖြစ်ပါတယ်။ ၁၆ နာရီကနေ ၁၈ နာရီလောက်အထိ တစ်နေ့ကို အိပ်တတ်ပါတယ်။ နောက်တဖြည်းဖြည်းကြီးလာရင်တော့ သူတို့က နေ့ခင်းဘက်အိပ်တဲ့အချိန်က တဖြည်းဖြည်းနည်းလာမယ်။ ညဘက်ကို တောက်လေှျာက် ပိုပြီးတော့ အိပ်တတ်လာပါလိမ့်မယ်။ အဲဒါကတော့ ကလေးအသက် ၃ လလောက်ကနေပြီးတော့ စပါတယ်။ အဲဒီတော့ ကလေးအသက် ၃ လမှာ သူတို့စပြီးတော့ နေ့နဲ့ည ကွဲလာတယ်။ ၄ လလောက်ကျရင်တော့ သူတို့က ညဘက်ကို တစ်ဆက်တည်း ၆ နာရီကနေ ၉ နာရီလောက်ကြာအောင် အိပ်တတ်လာပါတယ်။
ဒေါက်တာ သက်ထားရေွှစင်ဝင်း (ကထိက/ကလေးအထူးကုဆရာဝန်၊ ရန်ကုန်ကလေးဆေးရုံကြီး)