ကျားလေးရဲ့ ဖေဖေ၊ မေမေတို့ရေ ဒီကနေ့ မတ်လ ၂၄ ရက်နေ့ကတော့ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ပဲဖြစ်ပါတယ်။ တီဘီရောဂါက လူကြီးလူငယ်အရွယ်မရေွးဖြစ်ပွားတတ်ပါတယ်။ ရောဂါဖြစ်ပွားတဲ့အခါမှာလည်း လူတစ်ဦးကနေ တစ်ဦးထံကို ကူးစက်မှုကလည်း အရမ်းကိုမြန်ဆန်လွယ်ကူပါတယ်။ တီဘီရောဂါဖြစ်ပွားတယ်ဆိုရင် စနစ်တကျနဲ့ဆေးဝါးကုသမှုတေွခံယူပေးပြီး ပျောက်ကင်းသွားနိုင်တယ်ဆိုပေမယ့် ရောဂါမဖြစ်ပွားအောင် မကူးစက်အောက်ဂရုတစိုက်နဲ့နေထိုင်ရင်တော့ ပိုကောင်းပါတယ်နော်။ အခုနှစ်ရဲ့ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်နဲ့ အိမ်တိုင်းဆောင်ထားသင့်တဲ့ လက်ကမ်းစာစောင်လေးတေွကိုလည်း ကျားလေးရဲ့မိသားစုတေွအတွက် မှျဝေပေးလိုက်ပါတယ်နော်။
ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးတေွကိုပိုင်ဆိုင်ကြစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းတေွအတိုင်း ပြုမူနေထိုင်ကြပြီး ရင်သေွးငယ်လေးတေွ၊ ကိုယ်ဝန်ဆောင်မေမေတေွကိုလည်း ဂရုတစိုက်စောင့်ရေှာက်နေထိုင်ကြဖို့အတွက် ကျားလေးကနေ အကြံပြုလိုက်ပါတယ်နော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)