
နို့တိုက်နေတဲ့ မိခင်တစ်ယောက်အတွက် နို့ကြောင်းပိတ်တဲ့ ပြဿနာက တော်တော်လေး ဆိုးတဲ့ပြဿနာတစ်ခုပါ။ကလေးလည်း နို့ဆာ ကိုယ်ကလည်း နို့မထွက် ၊နို့ကြောင်းကလည်း ပိတ်နေတော့ နာကလည်းနာ အတော်ကြီးကို ဒုက္ခရောက်ပါတယ်။ခက်တာက နို့ကြောင်းပိတ်တဲ့ ပြဿနာကလည်း အဖြစ်များတဲ့ ပြဿနာတစ်ခုဆိုတော့ ဖြစ်လာတဲ့အခါ သက်သာအောင် လုပ်ဖို့က အရေးကြီးလာပါတယ်။ ဒီတော့ နို့တိုက်ရင်းနဲ့ နို့ကြောင်းပိတ်သွားတဲ့အခါ ဘာတေွလုပ်ကြမလဲ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ပိတ်နေတဲ့ နို့ကြောင်းတေွကို ပြန်ပွင့်စေဖို့အတွက် မေမေတေွ အနေနဲ့ ဒီလိုမျိုး လုပ်လိုက်ပါ။

၁။ ရေနေွးအိတ်ကပ်ပါ
----------------------
ရေနေွးအိတ်ဟာ တင်းနေတဲ့ ကြွက်သားတေွကို ပြေလျောနိုင်စွမ်း ရှိတာကြောင့် နာကျင်တဲ့အနာလည်း သက်သာစေသည်အပြင် တင်းနေတာလည်း လျော့သွားပြီး နို့လည်း ပြန်ထွက်စေမှာပါ။ဒါပေမယ့် သိပ်မပူဖို့တော့ လိုပါတယ်။

၂။ နှိပ်နယ်ပေးလို့ ရပါတယ်
---------------------------------
နို့မတိုက်ခင် ရင်သားကို နှိပ်ပေးတာမျိုးပဲ ဖြစ်ဖြစ် ၊ နို့တိုက်နေတဲ့အချိန်မှာ ရင်သားကို ညှစ်ပေးတာပဲ ဖြစ်ဖြစ်က နို့ကြောင်းကို မပိတ်စေဘဲ နို့များများ ထွက်စေမှာပါ။ နှိပ်ရမယ့် ပုံစံကတော့ တင်းပြီး ခဲနေတဲ့နေရာကနေ နို့သီးခေါင် ရှိတဲ့ဘက်ကို ဦးတည်နှိပ်ရမှာပဲ ဖြစ်ပါတယ်။

၃။ နို့ကို အကြိမ်ရေများများ တိုက်ပေးပါ
---------------------------------------------------
နို့ကြောင်းပိတ်လို့ နို့မထွက်ပေမယ်လည်း နို့ကို ၂နာရီခြား တစ်ခါလောက် တိုက်ပေးပါ။တိုက်တဲ့အခါမှာလည်း နို့ကြောင်းပိတ်တဲ့ ဘက်နေ စတိုက်ပေးပါ။ ပိတ်နေတဲ့ဘက်က အရမ်းနာတယ်ဆိုရင်တော့ အခြားတစ်ဖက်ကို ခဏလောက်ပြောင်းတိုက်ပေးပြီး သက်သာသွားတာနဲ့ နို့ကြောင်းပိတ်တဲ့ ဘက်ကို ပြန်ပြောင်းတိုက်ပါ။ နို့ကြောင်းပိတ်တာကို ဖြေရှင်းဖို့ အဓိကကျဆုံးက နို့ထွက်ဖို့ပါပဲ။

၄။ အနားယူပါ
----------------
မေွးကင်းစကလေးတစ်ယောက်နဲ့ အလုပ်ရှုပ်နေမှာကို သိနေပေမယ့် အနားကောင်းကောင်းယူပြီး အစားကောင်းကောင်းစားဖို့ကလည်း အရေးကြီးပါသေးတယ်။တကယ်လို့ အပေါ်မှာ ပြောထားတဲ့ နည်းလမ်းတေွ လုပ်တာတောင် အဆင်မပြေဘူး။ ရင်သားကလည်း အရမ်းတင်းပြီး နာနေတယ်။ကိုယ်တေွလည်း ပူနေမယ်ဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်း သွားပြဖို့ လိုအပ်နေပါပြီ။
#Ref( ဒေါက်တာတင်ရတနာ - နို့ကြောင်းပိတ်ခြင်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)