"သန်ချဆေးအကြောင်းလေး"
❣️မနေ့က မေမေတစ်ယောက်တင်ထားပေမဲ့ ထပ်မေးကြတာတွေတွေ့လို့ ကိုယ်တွေ့တဲ့ စာလေး ဝေမျှတာပါ❣️
သန်ချဆေး၊ တုတ်ချဆေး
👉 သန်ကောင်၊ တုတ်ကောင်များကြောင့်ဖြစ်နိုင်တဲ့လက္ခဏာများ
ကလေးဝမ်းဗိုက်အတွင်းရှိ သန်ကောင်များကြောင့် ဗိုက်နာခြင်း၊ သံဓာတ် ချို့တဲ့ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ သိပ်များလာပါက အူပိတ် ခြင်း၊ သည်းခြေလမ်းကြောင်းပိတ်ခြင်း စသည်တို့အထိဖြစ်ပွားနိုင်ပါတယ်။
တုတ်ကောင်များကြောင့် စအို နှင့် လိင်အင်္ဂါယားယံခြင်းနဲ့ အထူးသဖြင့် ညဘက်တွေမှာအရမ်းယားတဲ့အတွက်ကြောင့် အိပ်ရေးပျက် ခြင်းများဖြစ်နိုင်ပါတယ်။
👉 ဘယ်အရွယ်ကစပြီးသန်ချနိုင်လဲ?
သန်ချဆေးကို ပုံမှန်အားဖြင့် အသက်နှစ်နှစ်ကစပြီးတိုက်လေ့ရှိပါတယ်။ ခြောက်လ သို့မဟုတ်တစ်နှစ် တစ်ကြိမ်လောက်သန်ချသင့်ပါတယ်။
လိုအပ်ရင်တော့ အသက် ၁ နှစ်ကစပြီးလဲ တိုက်နိုင် ပါတယ်။
👉 အသက်အရွယ်အလိုက်တိုက်သင့်သောဆေးပမာဏ
အသက် ၂ နှစ်အထက် -
၁၊ Albendazole 400 mg - ၁ လုံး (သို့)
၂၊ mebendazole 500 mg - ၁ လုံး (သို့)
100 mg - ၂ ကြိမ် - ၃ ရက်
အသက် ၁ နှစ် နှင့် ၂ နှစ်ကြား -
၁၊ Albendazole 400 mg - တစ်ခြမ်း (သို့)
၂၊ mebendazole 500 mg - ၁ လုံး (သို့)
100 mg - ၂ ကြိမ် - ၃ ရက်
တုတ်ထိုးလို့ တုတ်ပါချချင်တယ်ဆိုရင်တော့နောက် နှစ်ပတ်ကြာရင် တစ်ကြိမ်ထပ်တိုက်သင့်ပါတယ်။
တုတ်ချဖို့အတွက် Albendazole ဆေးကို ပုံမှန်သန်ချတဲ့ပမာဏအတိုင်းတိုက်လို့ရပြီးတော့ Mebendazole ဆေးကိုတော့ 100 mg ပဲတိုက်လဲ ရပါတယ်။
👉 သန်ချဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးရှိပါသလား?
သန်ချဆေးတွေမှာ နောက်ဆက်တွဲဆိုးကျိုး အင်မတန်နည်းပါးပါတယ်။တချို့ကလေးတွေမှာတော့ ပျို့တာ၊ အန်တာ အနည်းအပါး ဖြစ်နိုင်ပါတယ်။ ညနေဖက်တိုက်မယ်ဆိုရင် ဒီလိုပျို့ချင်အန်ချင်တာတွေ မတွေ့ရသလောက်ပါပဲ။
👉 သန်ချဆေး မသောက်ခင်နဲ့ သောက်ပြီးမှာ အထူးအထွေ ဆောင်ရန်ရှောင်ရန်ရှိပါသလား?
ဆောင်ရန်၊ရှောင်ရန်မရှိပါဘူး။ အစာနဲ့တွဲစားလို့လည်းရပါတယ်။ အစာစားပြီးမှဆေးတိုက်ရင်ပိုတောင်ကောင်းပါသေးတယ်။ ဝမ်းချူပေးရန်၊ ဝမ်းပျော့ဆေးသောက်ရန်လဲ မလိုပါဘူး။
နေပူပူ၊ မိုးရွာရွာ သန်ချလို့ရပါတယ်။
ကလေးနေမကောင်းဖြစ်နေတဲ့အချိန် ဥပမာ- ဖျားနာမယ်၊ ဗိုက်နာမယ်၊ ပျို့အန်မယ်၊ ဝမ်းပျက်နေမယ်၊ ဒီလိုအခြေအနေတွေမှာတော့သန်ချဆေးမတိုက်ပါနဲ့။
ပါမောက္ခ ဒေါက်တာ ဦးကျော်လင်း
Credit