"ကလေးလေးတွေ နောင်ရေးအတွက် ရွှေစုချင်တဲ့ မေမေတို့ရေ"
✓ကလေးလေးတွေရှေ့ရေးအတွက် စုဆောင်းထားမယ်ဆိုတဲ့ မေမေတွေအတွက်မျှဝေပါတယ်။
✓ဘဏ်မှာငွေစုဖို့ကလဲ အတိုးနည်းတယ်။အာမခံလုပ်ငန်းတွေမှာလဲ မစုချင်ဘူး။
✓နောက်တစ်ချက် ငွေတန်ဖိုးက တဖြည်းဖြည်းကျလာတော့ ငွေမစုချင်ဘဲ ရွှေစုချင်တဲ့ မေမေတွေအတွက်ပါ။
✓ညီမက နယ်ကဆိုတော့ သားလေးကြီးသည်အထိ ရွှေစုချင်လို့ စုံစမ်းထားတာတွေပါ။
✓အောင်သမာဓိမှာ ရွှေစုစာအုပ်လုပ်ပြီးစုလို့ရပါတယ်။
✓ရွှေစုစာအုပ်လုပ်မယ်ဆိုရင် K Payရှိရပါမယ်။ သူက K Pay ထဲမှာပါတဲ့ Quick Payကနေ လွှဲပေးရမှာပါ။ K Pay ကိုယ်စားလှယ်တွေကလဲ လွှဲလို့ရမယ်ထင်တယ်။ အဲ့ဒီတော့ KBZ accountသုံးပြီး K Payရှိတဲ့ မေမေတွေအဆင်ပြေတယ်နော်။
✓အသေးစိတ်စုံစမ်းချင်ရင်(02-403 1550)ကို ဆက်လို့ရပါတယ်။
✓နောက်တစ်ဆိုင်ကတော့ ထာဝရ ဝိန့်စိန်ပါ။
သူကတော့ ခုမှစပြီးကြော်ငြာတုန်းပဲရှိသေးတော့ လောလောဆယ် စုလို့မရသေးပါဘူး။
✓ဝိန့်စိန်ရဲ့ ရွှေစုစာအုပ်ပုံစံက ဘဏ်စာအုပ်လိုပုံစံမျိုးပါ။ပြီးတော့ အကယ်ဒမီရွှေ၊ ဝိန့်စိန်ရွှေဆိုပြီး စုချင်တာစုလို့ ရပါတယ်။
✓အကြိုက်ဆုံးကတော့ ငွေတစ်သောင်းဖိုးကနေ စစုလို့ရတာပါ။
❣️ကလေးလေးတွေအတွက် ရွှေစုချင်ပေမဲ့ မစုံစမ်းအားတဲ့ မေမေတွေ အလုပ်များတဲ့ မေမေတွေအတွက် ဝေမျှပါတယ်နော်။❣️
❣️မေမေတို့ရေ ကလေးတွေနောင်ရေးအတွက် ဘာလေးတွေလုပ်ဖြစ်ကြလဲ ဆိုတာ မျှဝေပေးကြပါဦး❣️