
ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အသေးအဖွဲ့ကအစ သေချာ အသေးစိတ်ဂရုစိုက်ရတာပါ။အထူးသဖြင့် လနုချိန်မှာပါ။ ဒါပေမယ့် မေမေတေွဟာ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခြား အပြင်အလုပ်မလုပ်ရဘူးဆိုတာတောင် အိမ်အလုပ်တော့ လုပ်တတ်ကြပါတယ်။ အရင်က လုပ်နေကြမို့ လုပ်တာရော ၊လှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ရောပေါ့။ဒီလို လုပ်မယ်ဆိုရင်တောင် အိမ်အလုပ်တိုင်းကိုတော့ လုပ်လို့ မရပါဘူး။တစ်ချို့အလုပ်တေွက ဗိုက်ထဲက ကလေးကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ဒီတစ်ခါမှာတော့ ကိုယ်ဝန်ဆောင်နေချိန်မှာ မလုပ်သင့်တဲ့ အလုပ်တေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ အိမ်သန့်ရှင်းရေး
-----------------------
အိမ်မှာ သုံးတဲ့ အစွန်းချှတ်ဆေးတေွ ၊လေသန့်အောင် ဖြန်းအောင်စပရေးတေွ ၊ကြမ်းတိုက်ဆေး စတာတေွဟာ ဓာတုပစ္စည်းတေွ အပြည့်နဲ့ပါ။ ဒါတေွကို မေမေတေွ ကိုင်မိရင် အရေးပြားမှာ ဓာတ်မတည့်တာတေွ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အမျိုးသမီးတေွရဲ့ အရေးပြားဟာ အရင်ကထက် ပိုပြီး ထိလွယ်ရှလွယ်ပါတယ်။ ဒါကြောင့် မေမေတေွ အနေနဲ့ တတ်နိုင်ရင် သဘာဝပစ္စည်းတေွပဲ သုံးပါ။ နောက်တစ်ချက်က တစ်ချို့သော ဓာတုပစ္စည်းတေွက ရှူမိရင် ကလေးဆီကို ရောက်ပြီး မေွးရာပါ ချို့ယွင်းချက်တေွ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမှျ မသုံးပါနဲ့။

၂။ ကြောင်ချေးမကျုံးပါနဲ့
---------------------------------
သင့်ရဲ့ချစ်သော ညောင်ညောင်လေးက သင့်အတွက် အန်တရာယျမြားတဲ့ Toxoplasma gondii ကပျပါးပိုးကို သယ်ထားနိုင်ပါတယ်။သူတို့ရဲ့မစင်မှာပါတဲ့ ကပ်ပိုးက ကိုယ်ဝန်ပျက်စေတာ ၊မေွးရာပါချို့ယွင်းချက် ပါတာမျိုးတေွ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမှျ ကြောင်ချေး ကျုံးတာ မလုပ်ပါနဲ့။ ကြောင်နဲ့တော့ ဆောလို့ ရပါတယ်။ ကြောင်ကိုင်ပြီးတိုင်း လက်ဆေးပါ။

၃။ ရေချိုးခန်း သန့်ရှင်းရေး မလုပ်ပါနဲ့
-----------------------------------------------
ရေချိုးခန်းမှာ သုံးတဲ့ သန့်ရှင်းရေးပစ္စည်းတေွက ဓာတုပစ္စည်းတေွ ပါတဲ့အတွက် ရှူမိရင် မိခင်ကိုရော ကလေးပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းရေး လုပ်မယ်ဆိုရင် ဓာတုပစ္စည်းနည်းတာကိုပဲ သုံးပါ။ ဒါအပြင် နောက်တစ်ခုက ရေချိုးခန်းကို သန့်ရှင်းရေး လုပ်နေရင်း မတော်တဆ ချော်လဲပြီး ထိခိုက်ဒဏ်ရာ ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာတော့ တတ်နိုင်သမှျ သန့်ရှင်းရေး မလုပ်ပါနဲ့။

၄။ အဝတ်လေှျာ်တာ မလုပ်ပါနဲ့
--------------------------------
ရေချိုးခန်းသုံး ပစ္စည်းတေွလိုပါပဲ။ အဝတ်လေှျာ်ရင်လည်း ဓာတုပစ္စည်းနည်းတာကိုပဲ သုံးပါ။ အကောင်းဆုံးကတော့ အဝတ်လေှျာ်တဲ့အလုပ်မှာ သင် ဝင်မပါတာပါပဲ။အဝတ်လေှျာ် ဆပ်ပြာမှုန့်တေွက အနံ့ပြင်းတဲ့အပြင် တစ်ချို့တေွဆို သာမန်လူ ကိုင်တာတောင် ဆပ်ပြာစားပါတယ်။ ဒါအပြင် အဝတ်လေှျာ်ဖို့ ပုံးကို မလိုက်တဲ့အချိန်(ဒါမှမဟုတ်) ခါးကုန်းလိုက်တဲ့အချိန်ကျရင် ခါးနာတာ ၊ပေါင်က အကြောတေွ နာတာမျိုးတေွ ဖြစ်စေတတ်ပါတယ်။ နောက်တစ်ချို့ဆို အကြာကြီး စောင့်ကြောင့်ထိုင်ပြီး အဝတ်ကို အားရပါးရ လေှျာ်တတ်ပါတယ်။ ဒါကလည်း နေ့မစေ့ လမစေ့မေွးတာ ၊သေွးတိုးတာတေွ ဖြစ်တတ်ပါတယ်။

၅။ အလေးအပင်မ မပါနဲ့
--------------------------
အရင်လို ဘာပစ္စည်းပဲဖြစ်ဖြစ် တေွ့တာနဲ့ ဆက်ခနဲ့ကောက်မဖို့ စိတ်မကူးပါနဲ့။ ကိုယ်ဝန်ရင့်လာတာနဲ့အမှျ ကလေးက ပိုကြီးလာပြီး ဝိတ်ပိုတက်လာမယ်။ ခါးက အနောက်ကို ပိုကော့လာပါတယ်။ဒါကြေင့် ကိုယ်ဝန်ကြီးသက်သက်နဲ့ကို ခါးမှာ ဒဏ်ဖြစ်ပြီးသားပါ။ ဒါကို အလေးအပင်တေွ မနေမယ်ဆိုရင် ပိုဆိုးစေမှာပါ။တစ်ချို့ အမျိုးသမီးတေွမှာဆိုရင် အလေးအပင်မပြီးမှ ဗိုက်ထဲမှာ ဆစ်ခနဲ့နာတာမျိုးတေွတောင် ဖြစ်နိုင်ပါတယ်။
#Ref( ဒေါက်တာထက်ထက်ဇော်ဝင်း - ကိုယ်ဝန်ဆောင်နဲ့မလုပ်သင့်သောအလုပ်များဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)