စျေး မီဒီယာ

Posted by poe ei htun July 21, 2020


ဝမ်းပျက်ဝမ်းလျှောတာ မသန့်ရှင်းတဲ့အစားအစာစားမိတာ ကနေအစာအိမ်နဲ့အူလမ်းကြောင်းမှာ ပိုးဝင်လို့စဖြစ်တာပါ
ဝမ်းကိုချက်ချင်းရပ်သွားစေတဲ့ဝမ်းပိတ်ဆေးတွေမတိုက်သင့်ပါဘူး မတိုက်ရပါဘူး
ဝမ်းပိတ်ဆေးတိုက်လိုက်ရင် ဝမ်းကရပ်သွားပြီး ပိုးတွေအစာအိမ်ထဲကျန်နေပြီး မအီမသာနဲ့ဗိုက်နာပြီး ပိုဆိုးစေပါတယ်...
ဝမ်းသွားရင် သွားသလောက်ပမာဏ ရေနဲ့ဓာတ်ဆားပြန်သောက်ပေးဖို့လိုပါတယ်
ဆုံးရှုံးသွားတဲ့ရေဓာတ်ခမ်းခြောက်တာကနေကာကွယ်ဖို့ပါ
ကလေးကဆေးတော့တိုက်ထားတယ် ဝမ်းကမရပ်ဘူးဆိုပြီးစိတိမပူပါနဲ့
သွားသလောက်ဓာတ်ဆားရည်တိုက်ပေးနေပါ.
Probioticsတိုက်ပေးဖို့လိုပါတယ်


👉 Probiotic ဆိုတာအစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်မှာ အမြဲတမ်းရှိနေတဲ့ လူ့အကျိုးပြုပိုးမွှားတွေပဲဖြစ်ပါတယ်။ ဒီProbiotic ပိုးမွှားတွေဟာ အစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာစေရန်နှင့် ရောဂါဖြစ်စေတဲ့ပိုးမွှားတွေ ပေါက်ဖွားမှုကိုတားဆီးပေးပါတယ်။

📌 ဝမ်းလျှော၊ဝမ်းပျက်ဖြစ်ပွားတဲ့အခါမှာ ဒီလူ့အကျိုးပြုပိုးမွှားများဟာ အစာအိမ်နှင့်အူလမ်းကြောင်းမှာ ပျက်စီးဆုံးရှုံးသွားပါတယ်။ ဒါ့ကြောင့် ဝမ်းလျှော၊ဝမ်းပျက်ရောဂါကိုပိုမိုဆိုးရွားစေပြီး ဝမ်းသွားတာကို မရပ်နိုင်တော့ပါဘူး။

👉 Probiotic ခေါ်လူ့အကျိုးပြုပိုးမွှားများကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဖြည့်တင်းပေးမှသာ ဝမ်းလျှော၊ဝမ်းပျက်ရောဂါပျောက်ကင်း နိုင်ပါတယ်။
Biolflorလိုkidlacလိုမျိုးကိုပြောတာပါပမာဏကိုကလေးဆရာဝန်ညွှန်တဲ့တိုင်းတိုက်ပေးပါ

ကလေးကအရမ်းမှိန်းလာရင် ဆရာဝန်နဲ့ချကိချင်းပြပါနော်






အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.