မေမေတို့ရေ lotion ဈေးသင့်ပြီး ကောင်းတာလေး ပြောပြချင်လို့ပါ။
❣️dmp lotion လေးပါ။ ဈေးကလဲ 480ml မှ9000ပဲပေးရတယ်။
❣️ကလေးအသားအရည်နဲ့ သင့်တော်တဲ့ ph level 5.5ဖြစ်တယ်။
❣️နဲနဲပျစ်ပေမဲ့ လိမ်းလိုက်ရင် အေးအေးကျဲကျဲလေးဖြစ်သွားတယ်။တချို့ lotionတွေလို လိမ်းလိုက်ရင် ဖြူဖြူကြီးဖြစ်မနေဘူး။အဲ့ဒါလေးကြိုက်တယ်။
❣️အနံ့လေးကလဲ မွှေးမွှေးလေး။
သားလေးက မျက်နှာ နဲ့ အပေါ်ပိုင်းဖြူ ပေမဲ့ ခြေထောက်လေးတွေညိုနေလို့ ပန်းရောင်လေးသုံးပေးတယ်။
တခြားအရောင်တွေလဲရှိတယ်။ရေချိုးဆပ်ပြာလဲထွက်တယ်။
အရင်က pigeon new bornလေးသုံးနေတာ။အဲ့ဒါလဲအဆင်ပြေပေမဲ့ ရေရှည်ကျ တွက်ချေမကိုက်လို့။ခုတော့ မျှသုံးလို့ရပြီ။😊
သုံးနေတဲ့ မေမေတွေလဲ ရှိရင် အဆင်ပြေမပြေ ပြောပေးကြနော်။