တောင်းပန်တတ်ခြင်းနဲ့ ခွင့်လွှတ်တတ်ခြင်းကို နားလည်သင်ခန်းစာယူဖို့ သမီးလေးကို ပြောပြရဦးမယ်
ဒီနေ့က အာဇာနည်ဆိုတော့ ကိုယ်ဖတ်မိတဲ့ ဆောင်းပါးတပုဒ်ကို အမြဲသတိရတယ်
ဦးဆောင်လုပ်ကြံခဲ့သူ ဂဠုန်ဦးစောမိသားစုဝင်တွေရဲ့ စိတ်အတွေးနဲ့ လုပ်ကြံခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိသားစုဝင်တွေရဲ့ စိတ်အတွေးတွေကိုမြင်ရတဲ့ မငြိမ်းငြိမ်းနိုင်ရေးတဲ့ " လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ "တဲ့ဆောင်းပါးပါ
“ ဒေါ်သန်းခင်က( ဦးစောအမျိုးသမီး) မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ '' ဆိုပြီး ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရဲ့ ပြောစကား
"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည် ပြောစကား
“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး” ဦးစောမြေး ဒေါ်မွန်မွန်ရင်ပြောစကား
ဆောင်းပါးမှာ ပါတဲ့ ဒီစကားလေးတွေဖတ်ကြည့်ရင်
မိသားစုဝင်နှစ် ဖွဲ့ရဲ့ မျိုးဆက်တွေ၊ ကျန်ခဲ့သူတွေရဲ့ စိတ်ဓာတ်တွေဟာ အတုယူစရာကောင်းပါတယ်
ငါမိသားစုကို လုပ်ရက်လေခြင်းဆိုပြီး အာဃာတမထားသလို
ငါတို့တော့ အပြောခံရပြီ၊ ဘယ်သူကြောင့်.. ဘာဝါကြောင့်..ဆိုပြီး အပြစ်တင်မနေဘဲ တိုးလျှိုးစွာနေခဲ့ကြရတယ်
ဒီလိုရာစုချီ လူတိုင်းပါးစပ်မှာ ပြောစမှတ်ဖြစ်တဲ့ ဖြစ်ရပ်အတွင်း ပါဝင်ရတဲ့မိသားစုတွေဆိုရင်
အဲဒီလို စိတ်မျိုး၊ ခံနိုင်ရည်မျိုးတွေ ရှိနိုင်ပါ့မလား
ဒီလို တောင်းပန်တတ်ခြင်း၊ ခွင့်လွှတ်တတ်ခြင်းတွေ ထားနိုင်ပါ့မလား ဆိုတာတွေးမိရင်း
ဗိုလ်ချုပ်နဲ့ ဦးစော ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ စိတ်အတွေးကိုမြင်နိုင်တဲ့ " လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ "တဲ့ဆောင်းပါး link လေးကို ထည့်ပေးချင်ပေမယ့်အဆင်မပြေဘူးရယ်