ဖေဖေ၊ မေမေတို့ရေ အာဟာရချို့တဲ့လွယ်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့အတူ သုံးနှစ်အောက်ကလေးငယ်တေွ၊ နို့တိုက်မိခင်တွေလည်းပါ၀င်ကြပါတယ်။ ကလေးငယ်တွေနဲ့ မိခင်တွေဟာ ဘယ်လိုအနေအထားတွေမှာ အာဟာရချို့တဲ့တတ်သလဲဆိုတာကို မိသားစုဝင်တွေက သတိထားမှတ်သားထားနိုင်ကြစေဖို့အတွက် ကျားလေးကနေမျှဝေပေးမယ်နော်။ ကလေးငယ်တွေထဲမှာဆိုရင်တော့ ...
- မိခင်နို့မစို့ရတဲ့ နို့စို့အရွယ်ကလေးငယ်တွေ
- မွေးစမှာ ကိုယ်အလေးချိန် ၂.၅ ကီလိုထက်နည်းတဲ့ကလေးတွေ
- အမြွာပူးကလေးတွေ
- ကလေးနီးတဲ့ရင်သွေးငယ်တွေ
- အာဟာချို့တဲ့ပြီး ကိုယ်အလေးချိန်မှတ်တမ်းမှာ အနီရောင်ရှိနေတဲ့ကလေးတွေ
- မိဘတစ်ဦးတည်းရှိတဲ့ကလေး (ဒါမှမဟုတ်) မိဘမရှိတဲ့ကလေးငယ်တွေ
- မွေးရာပါကျန်းမာရေးချို့တဲ့တဲ့ကလေးတွေ
- ၀က်သက်၊ ကြက်ညှာ၊ ချောင်းဆိုး၊ ၀မ်းပျက်ဝမ်းလျှောဖြစ်တတ်တဲ့ကလေးတွေ
- လစဉ်အလေးချိန်မှန်မှန်မတိုးဘဲ ကြီးထွားမှုရပ်တန့်နေတဲ့ကလေးတွေမှာ အာဟာရချို့တဲ့လွယ်တတ်ပါတယ်။
မိခင်တွေအတွက်ဆိုရင်တော့ ...
- ကိုယ်ဝန်ဆောင်စဉ်မှာ ပိန်ချုံးနေတဲ့မိခင်တွေ
- ကိုယ်ဝန်ဆောင်စဉ်အလေးချိန်မတိုးတဲ့ မိခင်တွေ
- ကလေးနီးတဲ့ မိခင်တွေ
- ငယ်ရွယ်နုနယ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ (၁၈ နှစ်အောက်)
- ကလေး ၅ ယောက်ထက်များတဲ့ မိခင်တွေ
- ကလေးမွေးစမှာ ၂.၅ ကီလိုထက်နည်းတဲ့ကလေးရဲ့မိခင်တွေမှာ အာဟာရချို့တဲ့လွယ်တတ်ပါတယ်နော်။ အဲ့ဒါကြောင့်လည်း မိသားစုတွေအားလုံးက ကိုယ်ဝန်ဆောင်မေမေတွေ၊ ရင်သွေးငယ်တွေအားလုံးကို ဂရုတစိုက်နဲ့ ပြုစုပေးပြီး ကျန်းမာပျော်ရွှင်စေဖို့စောင့်ရှောက်ပေးကြပါစို့နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)