သဘာဝဆိုတာ သဘာဝပါပဲ မေမေတို့ရေ။ သဘာဝမှာ သူ့ရဲ့အားသာချက်တွေ အများကြီးရှိပြီးသား ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ကြောက်စရာများတွေးမိနေပြီဆိုရင် ကိုယ့်ရဲ့မေမေတွေကို ပြန်သတိရပါလို့ပဲ အကြံပေးပါရစေ။ ကိုယ့်မေမေကိုလည်း ကိုယ့်ဘွားဘွားက ဒီလိုပဲ မွေးခဲ့တယ်။ ကိုယ့်မေမေကလည်း ကိုယ့်ကိုဒီလိုပဲမွေးလို့ ကိုယ်ဒီအရွယ်ရောက်လာတယ်။ ကိုယ်ကရော ကိုယ့်သားသမီးကို ကိုယ်ဘာလို့ မမွေးနိုင်ရမှာလဲလို့သာ တွေးကြည့်လိုက်စမ်းပါ။ အင်အားတွေ အလိုလိုပြည့်လာပါလိမ့်မယ်။ မေတ္တာတရားကို အခြေခံပြီး ဇွဲသတ္တိရှိရှိနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်မှာပါ။
ဒေါက်တာနှင်းရည်ဦး
Ref: မေ့ရင်သွေးမဂ္ဂဇင်း