ချီးကျူးပါ
ကျွန်မသမီး အကြီးမလေး ၇နှစ်ရှိပါပြီ။ အလတ်မလေးက ၃နှစ်ပါ။အကြီးမလေးက ပြောရင်ဆိုရင် နားလည်လွယ်ပေမယ့် အလတ်မလေးက တလက်လက်ထနေတဲ့ စိန်တုံးအရွယ်လေး ၃-၅ အရွယ်လေးပေါ့။ မေမေတို့တော့ မသိပါ ကျွန်မတော့ ကလေးတွေကို အမျိုးမျိုး ထိန်းကြည့်ဖူးပါတယ်။ တခါတလေ ကိုယ် အရမ်းပင်ပန်းနေချိန်အော်မိတာမျိုးလဲရှိပါတယ်။ ဒဏ်လဲပေးဖူးပါတယ်။ေချာ့ေပြာတာမျိုးလဲရှိပါတယ်။များသောအားဖြင့် အဲ့လိုတွေလုပ်ပြီးရင် ဆောရီးပြန်ပြောရတာများပါတယ်။ သူတို့ကိုပေးသင့်တဲ့အပြစ်ဒဏ်ထက် ကိုယ့်ဒေါသကို ပို ဦးစားပေးမိတာကြောင့်ပါ။ နောက်ပိုင်း ကိုယ့်စိတ်ကို ကိုယ် calm down အရင်ပြန်လုပ်ပါတယ်။ ပြဿနာကို အရမ်း အလျင်မလိုရင် ချက်ချင်းမဖြေရှင်းဘဲ သွေးအေးအောင် နည်းနည်းစောင့် လိုက်ပါတယ်။ နောက် ပြဿနာကို ဖြေရှင်းချိန်ရောက်လာပြီဆိုရင် ဖြစ်တဲ့အရာထက် သူတို့ ကောင်းတဲ့အလုပ်လေးတွေနဲ့ အရင်စချီးကျူးပေးပါတယ်။ ပြီးမှ သူတို့ အပြစ်လုပ်မိလဲ ဘာလို့လုပ်မိတဲ့ အကြောင်းမေးတယ်။ နားထောင်ပါတယ်။ အရမ်းအဆင်ပြေပါတယ် အဲ့နည်းလမ်သုံးတာ။ ကိုယ်ကို ဘာလေးဘဲလုပ်ပေးပေး Thank you သမီးက သိပ်ကြင်နာတတ်တာပဲ အဲ့လိုလေးပြောလိုက် ။ မျက်နှာတွေကို ပြုံးဖြီးလို့။ ဘာဘဲပြောပြော ဘာပဲလုပ်ခိုင်းခိုင်း မငြင်းတော့ဘူး။ ကလေးတွေက သူတို့လုပ်ပေးတဲ့အရာလေးတွေ ဘယ်လောက်သေးသေးပေါ့လေ။ အသိအမှတ်ပြုပေး ချီးကျူးပေးရင် သိပ်ကိုပျော်ကြပါတယ်လို့။
