သုံးနှစ်ကနေ ငါးနှစ်အရွယ် ၀န်းကျင်ဟာ မူကြိုကျောင်းကို ကလေး ကို ပို့ရမယ့် အရွယ် တစ်နည်းပြောရရင် မူကြိုအရွယ်လို့ တော်တော်များများသတ်မှတ်ကြပါတယ်။ ကလေးတို့ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးဖို့ တစ်နည်းပြောရရင် ဥာဏ်ကောင်းဖို့ အတွက် လေ့ကျင့်ပေးတဲ့ အချိန်မှာ မူကြု ိကာ လ ဟာလည်း အရေးကြီးဆုံး အချိန်ပါပဲ။
ကလေးတစ်ယောက်(လူတစ်ယောက်) ဦးနှောက်တည်ဆောက်ဖို့ အတွက် ခုနှစ်နှစ် တာ အချိန် ယူရပါတယ်။ မူကြို အရွယ် သှုံးနှစ်ကျော်ကာလ ဟာ ကလေးတို့ရဲ့ ဦးနှောက်တည်ဆောက်မှုမှာ ဦးနှောက် ဘက်ဘက်ခြမ်း ကို ချိတ်ဆက်ပြီး ဆက်သွယ် အလုပ်လုပ်လာပါပြီ။ နှစ်နှစ်ကျော်မှာ စကားနည်းနည်းပဲ ပြောလာပေမယ့် သုံးနှစ်ကျော်မှာ တော့ စကားပိုပြောလာပြီ။ သူတို့ ပြောတဲ့ စကားဟာလည်း ကျိုးကြောင်းစပ်ဆက်စွာ ပိုပြောလာနိုင်ပါပြီ။ ဦးနှောက်ညာဘက်ခြမ်းရော၊ ဘယ်ဘက်ခြမ်းရောပါ တစ်ပြိုင်နက်တည်း လေ့ကျင့်ပေးရမယ့်ကစားနည်းတွေ၊ အလုပ်တွေကို မူကြို ကာလ မှာ များများ လေ့ကျင့်ပေးဖို့လိုလာပါပြီ။
ကျွန်မတို့ ဆီမှာ က မူကြိုကျောင်းတစ်ကျောင်းကို ကလေးကို ပို့တယ်ဆို၇င် စာဘယ်လောက် ကလေးတတ်ပြီလဲ၊ အင်္ဂလိပ်လို ပြောတတ်ပြီလား၊ ကကြီးသိပြီလား၊ ကျောင်းတတ်ရင် ကလေးအဆင်သင့် ဖြစ်အောင်လို့ မူကြိုမှာ ဘာတွေ ကြိုသင်ထားလဲ ဆိုတဲ့အရာများနဲ့ မူကြိုကျောင်းတော်တော်များများ မိဘ တော်တော်များများက လွဲမှားစွာ ယူဆထင်မြင်ကြပါတယ်။
မူကြိုကျောင်းမှာ မနက်ကိုးနာရီကနေ သုံးနာရီအချိန်ထိ ကလေး ဟာ သူ့ဦးနှောက်တည်ဆောက် ဖို့ အတွက်ကျောင်းမှာ စာတွေထိုင်ရေးပြီး အချိန်မဖြုန်းသင့်ပါဘူး ။ အချိန်တန်ရင်သိမယ့် ကကြီး ခခွေး တွေနဲ့ အချိန်မဖြန်းသင့်ဘူး။ အဲလိုပဲ ကိုယ် ကျွမ်းကျင်စပြုလာတဲ့ မိခင်ဘာသာစကားကိုတောင်မှ သေခြာ မပြော၇သေးဘဲနဲ့ ဒုတိယ ဘာသာစကားကို ပဲ သင်နေစရာမလိုဘူး။
ဒါဆိုမူကြိုမှာဘာတွေ သင်ရမလဲ ဆိုတာကို မေးစ၇ာဖြစ်လာပါပြီ ။ မူကြိုမှာ ကစားချည်းပဲနေရမှာ မဟုတ်ဘူး။ ကစားရင်းနဲ့ သင်ရမယ်။ ကစားရင်းနဲ့ သင်ရမယ် ဆိုတာဟာ ကစားစရာနဲ့ သင်ရမှာ မဟုတ်ပါဘူး။ မူကြိုကျောင်းတစ်ကျောင်းမှာ ကလေးတွေကို လေ့ကျင့်ပေးရမယ့် အရာ အပြင် မူကြိုအရွယ် မိဘများအနေနဲ့ မူကြိုအရွယ်ကလေးကို ဥာဏ်ရည်ဖွံ့ဖြုးရေး အတွက် လုပ်ကို လုပ်ပေးရမယ့် အရာတွေကို ဒိစာအုပ်မှာ ကျွန်မ ပြည့်ပြည့်စုံစုံရေးသားထာပါတယ်။
ဥာဏ်ကြီးရှင် ခဏနားပြီးနောက်မှာ ပထမဆုံးထွက်မယ့် စာအုပ်အဖြစ် ဥာဏ်ကြီးရှင်တိုက်ကနေ ထွက်မယ့် စာအုပ်ကို
မူကြို အရွယ်ကလေးများဥာဏ်ရည်ဖွံ့ဖြိုးဖို့ အတွက် မူကြိုကျောင်းနဲ့ အိမ်တွေမှာ ဘာတွေလုပ်ပေး ရမလဲ ဆိုတဲ့ စာအုပ်ကလေးကို အရင်ဆုံးထွက်နိုင်ဖို့ ကျွန်မကြိုးစားနေပါတယ်။ စာအုပ်ရဲ့မာတိကာ အကြမ်း ကလေးကို မိဘနဲ့ ဆရာများ ဖတ်ဖို့ ကျွန်မအောက်မှာ ရေးပေးထားပါတယ်နော်။ စာအုပ်စျေးကို တော့ မသတ်မှတ်ရသေးပါဘူး။ တစ်အုပ် လေးထောင် ထက် မကျော်ဖို့ကိုတော့ ကျွန်မ အတတ်နိုင်ဆုံးကြိုးစားသွားပါ့မယ်။ စာအုပ်စျေးများလို့ ၀ယ်မဖတ်နိုင်ဘူးဆိုတာကို မဖြစ်စေချင်လို့ပါ။
မူကြိုအရွယ်ကလေးများဥာဏ်ရည်ဖွံ့ဖြိုးရေးအတွက်
မူကြိုကျောင်းနဲ့ အိမ်မှာ ဘာတွေလုပ်ပေးရမလဲ
အခန်း(၁)
စိတ်ကူးစိတ်သန်းနဲ့ တီထွင်ဖန်တီးမှု စွမ်းရည်
စွန့်ပစ်ပစ္စည်းထဲကတီထွင်ဖန်တီး လေ့လာစရာများ
စွန့်ပစ်ပစ္စည်းတွေနဲ့ ဘယ်လို ဖန်တီးကစားမလဲ
စွန့်ပစ်ပစ္စည်းတွေ ကစားရင် သတိပြုရမယ့် အရာများ
စွန့်ပစ်ပစ္စည်းများနဲ့အရုပ်လုပ်တမ်းကစားမယ်
ပန်းချီ
ရောင်စုံ ခဲတံ.ဘယ်လိုကိုင်မလဲ
ဘယ်လို ပုံတွေ ဆွဲရမလဲ
ပုံဆွဲပစ္စည်း နဲ့ ပုံဆွဲစာရွက်
ပုံဆွဲစာရွက်
ပုံဆွဲပစ္စည်းအမျိုးမျိုးနဲ့ ပုံဆွဲမယ်
ပုံမဆွဲချင်တဲ့ကလေး
ပန်းချီဆေးနဲ့ ပန်းချီရေးကြမယ်
ဆေးနဲ့ ဆေးထည့်တဲ့ အိုး
စာရွက်နဲ့စုတ်တံ
စုတ်တံမသုံးဘဲနဲ့ ဆေးခြယ်မယ်
ဂျုံ နဲ့ ကစားစရာဖန်တီးလို့ရတဲ့ အရုပ် (Play Dough)
အိမ်လုပ် ဂျုံရုပ်လေးတွေကို ဘယ်လိုလုပ်မလဲ
ဂျုံရုပ်နဲ့ကစားဖို့အတွက်ပစည်းများ
သတင်းစာစာရွက်များနဲ့လုပ်တဲ့အရုပ်
အခန်း(၂)
ကြွက်သားကြီး၊ ကြွက်သားငယ်များ သန်စွမ်းစေရန်
ကတ်ကြေးညှပ်မယ်၊ကော်ကပ်မယ်
ကတ်ကြေးညှပ်ချိန်မှာ သင်ကြားရမယ့် စည်းကမ်း
ကတ်ကြေးနဲ့ကော်
ဘယ်လိုကတ်ကြေးပေးကိုင်ရမလဲ
ကတ်ကြေးညှပ်တမ်းကစားမယ်
ဖြတ်၊ညှပ်၊ကပ်လေးလုပ်ကြမယ်
အခန်း(၃)
မူကြိုကလေးများနဲ့ ဂီတ
တီးမယ်၊မှုတ်မယ်၊သီချင်းဆိုမယ်
ဘာကြောင့် မူကြိုကလေးတွေကို ဂီတနဲ့ ထိတွေ့ခိုင်းရသလဲ
ကိုယ်တိုင်လုပ်တူရိယာလေးများနဲ့ ကစားနည်းများ
ကဗျာသီချင်း ဆို၇င်းနဲ့ သင်လို့ရတဲ့ လိမ်မာယဉ်ကျေးဖွယ် ကျင့်၀တ် စည်းကမ်းများ
အခန်း(၄)
မူကြိုကလေးများနဲ့ အတုယူဟန်ဆောင်တမ်းကစားနည်း
ဘာကြောင့်ကလေးတွေအတုယူဟန်ဆောင်တမ်းကစားကြလဲ
အတုယူဟန်ဆောင် ကစားနည်းမှ တစ်ဆင့်ရရှိနိုင်တဲ့ အကျိုးများ
အတုယူဟန်ဆောင်တမ်းကို ကလေးတွေ ဘယ်လို ကစာကြလဲ
အတုယူဟန်ဆောင်တမ်းကစားနည်းများ
အခန်း(၅)
မူကြိုအရွယ်ကလေးငယ်များနဲ့ ပြဇာတ်၊လက်ထိုးရုပ်နဲ့ ပုံပြောတမ်း ကစားနည်းများ
ပြဇတ်ခင်းတမ်းကစားမယ်
လက်ထိုးရုပ်များနဲ့ကစားမယ်
လက်ထိုးရုပ်မှ ရနိုင်တဲ့ အကျိုးကျေးဇူးများ
ကိုယ်တိုင်လုပ်တဲ့ လက်ထိုးရုပ်လေးလုပ်ကြည့် မယ်
လက်ထိုးရုပ်ပြဇတ်
အရိပ်-လက်ထိုးရုပ်
အခန်း(၆)
မူကြိုကလေးများနဲ့ ဖတ်စရာ စာအုပ်များ
ကလေးတွေကို စာအုပ်လေးတွဘာကြောင့်ဖတ်ပြဖို့လိုလဲ
စာဖတ်ခြင်းရဲ့ အကျိုးများ
စာအုပ်ဖတ်တဲ့အချိန်
စာအုပ်များနဲ့ အိမ်
ပုံပြင်လေးတွေ ပြောကြမယ်
ကလေးတို့ အတွက် ဖတ်စရာစာအုပ်ကောင်းများ
ဘယ်စာအုပ်ကိုဖတ်ဖို့ ရွေးမလဲ
စာအုပ်ထဲမှာအဖြေရှာ
ဘာကြောင့်၊ ဘာလဲ၊ ဘယ်လို
အခန်း(ရ)
ကလေးများနဲ့ ပုံပြင်
ပုံပြင်ထဲမှာဘာတွေပါ
ပုံပြင်လေးတွေပြောကြမယ်
စာအုပ်ကလေးလုပ်ကြမယ်
ကိုယ့်အကြောင်းစာအုပ်
ကိုယ်ပိုင်စာအုပ်ကလေးလုပ်ကြမယ်
အခန်း(၈)
မူကြိုကလေးများနဲ့ အက္ခရာစာလုံးများ
အက္ခရာစာလုံးများနဲ့ နံပါတ်များ
ဘယ်လိုလေ့ကျင့််ပေးရမလဲ
စာလုံးဂိမ်း နဲ့ ကာရန်ဂိမ်းများ
ကာရန်ဂိမ်းများ
ကာရန်ကစားနည်း
နေ့စဉ်ဘ၀ထဲက စကားလုံး ကစားနည်းများ
စာလုံးလေးတွေ မှတ်မိအောင်လို့ ဘာတွေ လုပ်ပေးမလဲ
စာလုံးကစားနည်းလွယ်လွယ်လေးများ
စာရေးတမ်းကစားမယ်
စာလုံးလေးတွေ ဘယ်လိုစရေးမလဲ
စာလုံးအခြေခံလုပ်ဆောင်မှုများ
စာလုံးလေးတွေ လေ့လာမယ်
အက္ခရာစာလုံးလေးတွေအရေးကြီးကြောင်းကလေးသိစေဖို့ ကစားနည်း
အခန်း(၉)
မူကြိုကလေးများနဲ့ သချာင်္
သချာင်္ပညာရှင်လေးများ
အရောင်လေးတွေ တွဲစပ်မယ်
မူကြိုအရွယ်ကလေးများနဲ့ ကိန်းဂဏန်းများ
အဓိပါယ်အောင်ဘယ်လိုသင်မလဲ
တစ်နှစ်သုံးလေးစာအုပ်လေးလုပ်ကြမယ်
တိုင်းမယ်၊ထွာမယ်
ဘယ်ဟာပိုကြီးလာသလဲ
မီးဖိုချောင်မှာမေမေ့ကူ
ကလေးများနဲ့ အချိန်
ကဗျာသီချင်းများထဲက သချာင်္
ဂဏန်းသချာင်္ကစားနည်းများ
အခန်း(၁၀)
ကလေးတို့ရဲ့၀န်းကျင်ကမ္ဘာ
မိသားစုနဲ့ သူငယ်ချင်းများ
တစ်ဦးပေါ်တစ်ဦးဂရုစိုက်တတ်တဲ့ အလေ့အကျင့်
၀န်းကျင်ကမ္ဘာအတွက် ကစားနည်းလေ့ကျင့်ခန်းများ
၀န်းကျင်ကမ္ဘာ တည်ဆောက်ကစားနည်း မှ ရနိုင်တဲ့ အကျိုးကျေးဇူးများ
သားသားမီးမီးတို့ရဲ့ကိုယ်ပိုင် ကမ္ဘာ
ကလေးတို့ရဲ့ကစားတဲ့အိမ်
အခန်း(၁၁)
မူကြိုကလေးငယ်များနဲ့ မိသားစု
၀မ်းကွဲမောင်နှမများနဲ့ ဆွေမျိုးတွေ
အိမျဆိုတာဘာလဲ
ကလေးတို့နေတဲ့အိမ်
ပျော်စရာကောင်းတဲ့အိမ်
ကစားနည်းများ
အခန်း(၁၂)
မူကြို ကလေးငယ်များနဲ့ လှုပ်လှုပ်ရှားရှားကစားနည်းများ
လှုပ်လှုပ်ရှားရှားကစားဖို့ဘာကြောင့်လိုလ
လှုပ်လှုပ်ရှားရှားကစားခြင်းမှ ၇၇ှိနိုင်သောအကျိုး
အိမ်ထဲမှာကစားလို့ရတဲ့ ကိုယ်လက်လှုပ်ရှားကစားနည်းများ
ပျော်ပျော်ရွှင်ရွှင်ကစားမယ်
သတိပြုဖွယ်
အိမ်ပြင်ဘက်မှာကစားမယ့်ကိုယ်လက်လှုပ်ရှား ကစားနည်းများ
သူငယ်ချင်းများနဲ့ တူတူအုပ်စုလိုက်ကစားကြမယ်
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ
အခန်း(၁၃)
မူကြိုအရွယ်ကလေးများ နဲ့ ရေကူးကစားနည်း
ရေကူးကန်ထဲ ဆင်းတဲ့အခါ
ရေကူးလေ့ကျင့်ခန်း
ကစားရတာပျော်စရာ
အခန်း(၁၄)
မူကြိုကလေးများနဲ့ ခ၇ီး
ကလေးနဲ့ အတူတူခရီးသွားခြင်း
ဟိုနားဒီနားသွားတဲ့ အခါ
ခရီးမသွားခင် ကြိုပြင်ဆင်
ကလေးနဲ့ အတူတူဘယ်လိုခရီးတွေသွားကြမလဲ
လမ်းကူးတဲ့ အခါ သတိကပ်ပါ
ကားပေါ်မှာ ကလေးကို ဘာတွေ လုပ်ပေးရမလဲ
အနီးအနားခရီးသွား
လမ်းလျှောက်ရင်းနဲ့ စကားပြောမယ်
အခန်း(၁၅)
ကလေးများနဲ့ သဘာ၀ ပါတ်၀န်းကျင်
သဘာ၀ပတ်၀န်းကျင်နဲ့ကလေးများ
သဘာ၀ပါတ်၀န်းကျင်ကို လေ့လာရင်းနဲ့ ရရှိတဲ့ အကျိုး
ဥယဉ်ခြံလေးသေးသေးငယ်
ပန်းခြံထဲမှာလမ်းလျှောက်မယ်
ကလေးနဲ့ အတူတူလမ်းလျှောက်တဲ့အခါ
သစ်ပင်လေးတွေ ဘယ်လိုပေါက်လာသလ
ဥယဉ်သေးသေးလေးဆောက်တမ်းကစားမယ်
မူကြို အရွယ် ကလေးများနဲ့ သက်၇ှိတိ၇စ္ဆာန်အကောင်လေးများ
အကောင်သေးသေးလေးမွေးကြမယ်
အခန်း(၁၆)
မူကြိုအရွယ်ကလေးငယ်များနဲ့ ရာသီဥတုအကြောင်း
ဘယ်ရာသီမှာ ဘာ၀တ်မယ်
ဘယ်ရာသီမှာဘာကိုကစားမလဲ
အခန်း(၁ရ)
မူကြိုကလေးများနဲ့ စူးစမ်းလေ့လာမှုများ
ဘာကြောင့် ၊ဘယ်လို မေးတတ်လာခြင်း
အငယ်ဆုံးသိပံပညာရှင်လေးတွေ
ကစားနည်းများ
အခန်း(၁၈)
Screen Time လို့ခေါ်တဲ့ တီဗီ၊ကွန်ပြူတာ၊ဖုံးတို့ သုံးချိန်
ကလေးများနဲ့ အီလက်ထရောနစ်ဖန်သားပြင် အချိန်(Screen Time)
တီဗီအစီစဉ်နဲ့ ကာတွန်းကား
Screen Time များခြင်းရဲ့ ဆိုးကျိုးများ(မိဘများ သတိပြုဖွယ်)
မိသားစု ရဲ့ Screen Time
ကွန်ပြူတာ နဲ့ အင်တာနက်