
လေ့လာချက် တော်တော်များများမှာတော့ ကိုယ်ဝန်ဆောင်စဉ် ဆံပင်ဆေးဆိုးခြင်းက ဘေးဥပဒ်မရှိဘူးလို့ပြောကြပေမဲ့ များပြားသော ဓာတုပစ္စည်းပါ၀င်မှုက ထိခိုက်မှုများရှိတယ်လို့ ဖော်ပြထားပါတယ်။
ကိုယ်ဝန်ဆောင်အများစုကတော့ ကိုယ်ဝန် ၁၂ ပတ်မတိုင်ခင် ဆံပင်ဆေးဆိုးခြင်းကို ပြုလုပ်ကြပါတယ်။ အကြောင်းကတော့ ထိုအချိန်မှာ ဓာတုပစ္စည်း ထိခိုက်မှုက သန္ဓေသားဆီမရောက်လို့ပါ။
ဆိုးဆေးကို ဆံသားကိုသာထိစေပြီး ဦးရေပြားကို မထိစေခြင်းကလည်း ဓာတုပစ္စည်းများ စီး၀င်ခြင်းကိုတားဆီးနိုင်ပါတယ်။ သဘာ၀ဆိုးဆေးများကတော့ ရွေးချယ်အသင့်ဆုံး ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းထုတ်လုပ်မှုများသောကြောင့် အချို့ အမျိုးသမီးများမှာ ဆံသားပိုမိုကောင်းမွန်လာတတ်ပါတယ်။ တစ်ဦးနှင့် တစ်ဦးလည်း ကွဲပြားချက်များရှိနိုင်ပါတယ်။