ခေးမေဖြစ်လာချိန် me time ဘယ်လိုယူကြလဲမေမေတို့
သမီးလေးမွေးပြီး နှစ်လရုံးပြန်တက်တော့ ရုံးသွားချိန်တွေဟာ me time ဖြစ်ခဲ့တယ်
အစတုန်းကတော့ အိမ်မှာ ကျန်ခဲ့တဲ့ လသားကလေးကို ထားခဲ့ရလို့ စိတ်မကောင်း အပြစ်ရှိသလို ခံစားခဲ့ရတယ်
ရုံးမသွားခင် စကားမပြောတတ်သေးတဲ့
သမီးကို သေချာရှင်းပြ အိမ်အောက်အထိ လိုက်ပို့ပြီးမှ ရုံးသွားတဲ့ အကျင့်လုပ်ခဲ့တယ်
ရုံးသွားတယ်ဆိုတာ နားလည်လာတဲ့ သမီးနဲ့ ကိုယ်ဟာ ကျင့်သားရပြီး
နောက်ပိုင်း ရုံးရောက်ချိန် ထမင်းစား
ကော်ဖီသောက် နားချိန် တနာရီ ကျော်လောက်ဟာ အေးဆေးသက်သာမို့ ကိုယ့်အတွက် me time လို့ သတ်မှတ်ပြီး ခဏအနားယူပါတယ်
သမီးတစ်နှစ်ကျော်တော့ သူငယ်ချင်းတွေနဲ့ တခါတလေတွေ့ရင်း ရုံးအားရက် အချို့မှာ me time ယူတယ်
သမီးမူကြိုတက်ချိန်တော့ မူကြိုပို့ ပြီး ရုံးကပါ ခွင့်ယူပြီး တနေ့ကုန် စာဖတ် ရုပ်ရှင်ကြည့်ပြီး me time ယူလို့ သမီးမူကြိုအပြန် စောင့်ကြိုရင်း ပေါ့
သမီး သုံးနှစ်ခွဲမှာ သမီးဖေဖေကိုကလေးအပ်လို့ အခင်ဆုံး သူငယ်ချင်းအချို့နဲ့ တညအိပ်ခရီးထွက်ပြီး me time ယူပါတယ်
ဂရုထဲကမေမေတွေရေ ကိုယ်အားပြည့်ဖို့ ဘယ်လို me time ယူ နားကြလဲရှင့်