
ကလေးရဲ့ နားကို သန့်ရှင်းရေးလုပ်ပေးရန် အရေးကြီးပါတယ်။ နားအပြင်ဘက်ပိုင်း နှင့် ဘေးပတ်လည်ကို ရေချိုးနေချိန်မှာ သန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။ ရေနွေး၊ အဝတ်သန့် နှင့် နားကြပ်တံများတော့လိုအပ်ပါတယ်။
နားအတွင်းကိုတော့ နားကြပ်တံနှင့် ထိုးသွင်းသန့်ရှင်းခြင်းက အန္တရာယ်ရှိနိုင်ပါတယ်။ နားအတွင်းမှာ နားဖာဂျီးကို တွေ့ရရင်လည်း ဖယ်ရှားပေးရန် မကြိုးစားပါနဲ့။
နားဖာဂျီးများက ဘတ်တီးရီးယားများကို ကာကွယ်ရန်အတွက်လိုအပ်သော ဂုဏ်သတ္တိများရှိပြီး နားများကို ကာကွယ်ပေးပါသေးတယ်။ ကလေးများရဲ့ နားဖာဂျီးများကို ဖယ်ရှားခြင်းကသာ ထိခိုက်နာကျင်ခြင်းများ ဖြစ်နိုင်ပါသေးတယ်။
နားပတ်လည်ကို သန့်ရှင်းပေးမယ်ဆိုရင်လည်း ရေနွေးနှင့် အဝတ်သန့်သန့်ကို စိမ်ပြီး နားပတ်လည်ကို ပွတ်တိုက်ရုံပါပဲ။ နားအတွင်းထည့်ခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။ နားအတွင်းထည့်ရန် နားသန့်ရှင်းဆေးရည် ထည့်ချင်ရင်တော့ မိမိပေါ်မှာ ကလေးခေါင်းကို မှီခိုင်းပြီး ဆရာဝန်ညွှန်ကြားသည့် အတိုင်းထည့်ပြီး ဆယ်မိနစ်ခန့်ထားပါ။ ထို့နောက် ကလေးကို တစ်ဖက်လှည့် မှီခိုင်းပြီး နားအတွင်းထည့်ထားသော ဆေးကို ပြန်ထွက်စေပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး