
မေမေတို့ရေ သားသားမီးမီးတို့ကို သင့်တင့်မှျတတဲ့အစားအစာတေွ ကျေွးတဲ့အခါ ဟင်းသီးဟင်းရွက် သစ်သီးဝလံတေွကိုလည်း ကျေွးကြတယ်နော်။ ဟင်းသီးဟင်းရွတ်တေွက ကလေးတေွအတွက်ကော၊ လူကြီးတေွ အတွက်ပါ အကျိုးပြုတာမို့ အိမ်ရှင်မတေွအားလုံးက မိသားစုတေွအတွက် စီမံချက်ပြုတ်တဲ့အခါ သစ်သီးဝလံတေွ၊ ဟင်းသီးဟင်းရွက်တေွကိုချက်ပြုတ်တဲ့အခါ အန္တရာယ်ကင်းရှင်းစေဖို့အတွက် ဘယ်လိုလိုက်နာဆောင်ရွက်ရမယ်ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးထားပါတယ်။ အန္တရာယ်ကင်းရှင်းစေဖို့ဆိုရင်တော့ ...
- ဓာတုဆိုးဆေးတေွသုံးပြီး ၀ါ၀င်းအောင်ပြုလုပ်ထားတဲ့ ဟင်းသီးဟင်းရွက်သစ်သီးတေွကို ရေှာင်ကြဉ်ခြင်း
- ဟင်းသီးဟင်းရွက်တေွကို မလှီးဖြတ်မီ ရေသန့်သန့်နဲ့စင်ကြယ်အောင် ဆေးကြောပြီးမှ ချက်ပြုတ်စားသုံးခြင်း
- အစိမ်းသားမယ့် ဟင်းသီးဟင်းရွက် သစ်သီးဝလံတေွကို ဆားရည်မှာ ၁၅ မိနစ်လောက်စိမ်ထားပြီး ရေသန့်သန့်နဲ့အထပ်ထပ်ဆေးပြီးမှ စားသုံးခြင်း၊
- သဘာဝအတိုင်းစိုက်ပျိုးရောင်းချတဲ့ ဟင်းသီးဟင်းရွက်သစ်သီးဝလံတေွကို စားသုံးခြင်းတေွကို လိုက်နာသင့်တယ်လို့ အကြံပြုထားပါတယ်။

မေမေတို့ရေ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတေွကို စားသုံးတဲ့အခါ သဘာဝအတိုင်းမဟုတ်ဘဲပြုပြင်ထားတဲ့ ဟင်းသီးဟင်းရွက်သစ်သီးဝလံတေွ၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာစတဲ့ဓာတုပစ္စည်းတေွပါ၀င်တဲ့ ဟင်းသီးဟင်းရွက်တေွကို စားသုံးမိတာကြောင့် လတ်တလောမှာ ၀မ်းပျက်ဝမ်းလေှျာတာ၊ ဗိုက်ရစ်နာတာ၊ အော့အန်တာ၊ ခေါင်းကိုက်မူးဝေတာတေွှဖစ်ပေါ်နိုင်ပါတယ်။
ဆက်လက်စားသုံးမိပြီးတဲ့အခါမှာတော့ နောက်ပိုင်းမှာ ဦးနေှာက်နဲ့အာရုံကြောထိခိုက်တာ၊ မျိုးပွားနိုင်စွမ်းလျော့နည်းတာ၊ သန္ဓေသားချို့ယွင်းမှုဖြစ်တာ၊ နှင်းခူရောဂါ၊ ကင်ဆာရောဂါတေွှဖစ်ပွားနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း အိမ်ရှင်မတေွအားလုံးက မိသားတေွအတွက် ဂရုတစိုက်နဲ့ ဆောင်ရွက်ပေးနိုင်ကြဖို့ ကျားလေးက မှျဝေပေးလိုက်ပါတယ်နော်။
Ref;HM (ကျားလေး)