ကလေးနဲ့အမှိုက်
****####****
စည်းကမ်းအစ စာသင်ကျောင်းကလို့ ဆိုကြတယ်မဟုတ်လား
အဲ့ဒါလည်း ဟုတ်တာပဲ ဒါပေမယ့် အဓိကက အိမ်ကစရမှာ
လက်ဦးဆရာတေွှဖစ်တဲ့ ဖေဖေမေမေတို့ရှိတဲ့ အိမ်ကစရမှာပါ
မေမေတို့သွားရင်းလာရင်းတေွ့ကြမြင်ကြမှာပါပဲနော် လမ်းတကာ အရပ်တကာမှာ နေရာစုံမှာ ဖေွးဖေွးလှုပ်လေးတေွကိုလေ ဖေွးဖေွးလှုပ်ဆိုပေမယ့် ကြည့်လို့လည်းမကောင်းတဲ့အပြင် အနံ့နဲ့ပါ ဒုက္ခပေးသေးတာနော် Plastic အမှိုက်တေွကိုပြောတာပါ
အမှိုက်ပစ်တာကိုကျတော့ ရှက်ရမယ်လို့ မယူဆထားသူတေွဟာ လုံးဝစည်းမရှိကမ်းမရှိ ပစ်ချင်တိုင်းကိုပစ်နေကြတာ မေမေတို့ပတ်ဝန်းကျင်မှာ တေွ့နေမြင်နေကြမှာပါပဲနော်
ကျမဟာ ဝန်ထမ်းဆိုတော့ ဒေသမရေွး တာဝန်ထမ်းဆောင်ဖို့အတွက် သွားလာရပါတယ်
နောက် သင်တန်းသွား ဘယ်သွားညာသွားတာတေွလည်းရှိပါတယ် အဲ့တော့ ခရီးသွားနေရတာပေါ့ ခရီးသွားတိုင်း အမြဲတေွ့နေရတာကတော့ အမှိုက်ကို စည်းမရှိပစ်နေကြတဲ့သူတေွကိုပါပဲ ကျမကပဲ အမှိုက်နဲ့ပတ်သက်ရင် Sensitive ဖြစ်လို့လားမသိဘူး သိပ်ရွံတာပဲ ဆေးလိပ်ကို လူအများ ကိုယ်ဝန်ဆောင် ကလေးငယ်တေွရှိတာသိရက်နဲ့အဲ့နားမှာသောက်တဲ့သူတို့ ကွမ်းတပျစ်ပျစ်ထေွးတဲ့သူတို့ဆို အလိုလို auto ရွံတာ
ကြီးကျယ်တာမဟုတ်ပါဘူးနော် မစားနဲ့မသောက်နဲ့ မပစ်နဲ့မဆိုလိုပါ စည်းကမ်းလေးရှိစေချင်တာပါ
ကျမဆိုလိုချင်တဲ့အပိုင်းက လာပါပြီနော် အပေါ်ကလိုလူတေွကြောင့် ကျမတို့နေထိုင်ရာ အိမ် ရပ်ကွက် လမ်း ရွာ မြို့ နိုင်ငံ ကမ႓ာကြီး အလှ ဘယ်လောက်ပျက်စီးလိုက်သလဲ မေမေတို့ သိ မြင်ကြမှာပါ
အဲ့တော့ ကျမတို့မျိ ုးဆက်တေွက စကြရအောင်လားရှင်
မိမိရဲ့ရင်သေွးသားငယ်သမီးငယ်လေးတေွကို ကျောင်းမရောက်ခင် အိမ်မှာကတည်းက " သားလေး ရေ သမီးလေးရေ ဒီအမှိုက်လေးတေွကို ဒီလိုအမှိုက်ပုံးထဲပစ်ရမှာနော် လမ်းမှာမပစ်ရဘူး အစရှိသဖြင့် သွန်သင်ပြောပြထားမယ်ဆိုရင် နောင်လာမယ့် ကျမတို့မျိ ုးဆက်သစ်လေးတေွအရွယ်ရောက်လာတဲ့အချိန်ကျရင် သိပ်လှတဲ့ပတ်ဝန်းကျင်တေွှဖစ်လာမှာပါနော်
မေမေတော့ အဲ့လိုပဲယူဆပါတယ်
မေမေတို့ရဲ့ရင်သေွးငယ်လေးတေွ အများကြားမှာ အများအလယ်မှာ စည်းကမ်းကောင်းတဲ့ စည်းကမ်းရှိတဲ့ လူကလေးတေွှဖစ်အောင် သွန်သင်ကြရအောင် မေမေတို့ရေ
ချစ်တဲ့ မေမေသဲ စာအရှည်ကြီးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်