သိပ်ကောင်းလို့ ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်။
မိသားစု ဆက်ဆံရေး
~~~~~~~~~~~~~
တစ်နေ့မှာ အရမ်းဒေါသကြီးတတ်တဲ့
အမျိုသမီးတစ်ယောက်ဟာ
စျေးကအပြန် သူတစ်ခါမှ မမြင်ဖူးတဲ့
သူစိမ်းတစ်ယောက်နဲ့
မတော်တဆ ဝင်တိုက်မိတယ်။
အမျိုးသမီးလည်း ပြာပြာသလဲနဲ့
အို . . ကျွန်မကိုခွင့်လွတ်ပါလို့
ပြောလိုက်တယ်။
အတိုက်ခံရတဲ့ သူစိမ်းကလည်း
ကျွန်တော်ကလည်း အခြားကိစ္စတစ်ခုမှာ
အာရုံရောက်လို့။
အမ လာတာကို မမြင်လိုက်မိလို့
အခုလို ဖြစ်သွားရတာပါ။
ကျွန်တော့်ကိုလည်း ခွင့်လွတ်ပါဗျာလို့
ပြန်ပြောတယ်။
အဲဒီသူစိမ်းနဲ့ အမျိုသမီးဟာ
အရမ်းကို ယဉ်ကျေးစွာနဲ့
တစ်ယောက်ကို တစ်ယောက်
အပြန်အလှန် တောင်းပန်ကြပြီး
လမ်းခွဲလိုက်ကြတယ်။
အဲဒီနေ့ ညနေမှာ အမျိုးသမီးဟာ
ညနေစာအတွက်
ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်နေစဉ်မှာ
သူမရဲ့ သားလေးက သူမဘေးမှာ
ငြိမ်ငြိမ်လေး လာရပ်နေတယ်။
သူမ အနောက်ကိုလှည့်လိုက်တဲ့အခါ
နောက်မှာရောက်နေတဲ့ သားလေးနဲ့
တိုက်မိပြီး လက်ထဲမှာကိုင်ထားတဲ့
ပန်းကန်တေွ ကျကွဲသွားတယ်။
အဲဒီအချိန်မှာ အမျိုးသမီးဟာ
သူ့ရဲ့ဒေါသကို မထိန်းနိုင်ပဲ
သားလေးကို မျက်မေှာင်ကြုပ်ပြီး
ဒီကနေ ထွက်သွားစမ်းလို
အော်ငေါက်ပြီး ကြိမ်းမောင်းလိုက်တယ်။
မထင်မှတ်ပဲ အမေဖြစ်သူရဲ့
အော်ငေါက်ကြိမ်းမောင်းခြင်းကို
ခံလိုက်ရတဲ့ သားလေးဟာ
စိတ်မကောင်းစွာနဲ့ မီးဖိုခန်းထဲကနေ
ထွက်သွားခဲ့တယ်။
သားလေးထွက်သွားတော့
သူမကတော့ သားကို ပြင်းပြင်ထန်ထန်
ပြောမိသွားတယ်ဆိုတာကို
သတိမထားမိဘူး။
သူမရဲ့ သားလေးဟာ
ညနေစာမစားပဲ အစောကြီး
အိပ်ရာဝင်ပြီး အိပ်နေခဲ့တယ်။
ထမင်းစားချိန်ရောက်မှ
သားလေး ညနေစာမစားပဲ
အစောကြီး အိပ်ရာ ဝင်သွားတာကို
သူမ သတိထားမိတယ်။
အဲဒီအခါကျမှ
သူမဟာ သားလေးကို
အော်ငေါက်ကြိမ်းမောင်းလိုက်မိလို့
သားလေး စိတ်မကောင်းဖြစ်သွားတာကို
သိလိုက်ရတယ်။
သူမလည်း စိတ်မကောင်းစွာနဲ့ပဲ
စောစောအိပ်ရာဝင်ခဲ့တယ်။
ဒါပေမယ့် သူမ ဘယ်လိုမှ
အိပ်မပျော်နိုင်ပဲ ဖြစ်နေတယ်။
အဲဒီအချိန်မှာပဲ သူမစိတ်ထဲ
စျေးကအပြန် သူစိမ်းတယောက်နဲ့
ဝင်တိုက်မိပြီး အပြန်အလှန်
ယဉ်ကျေးသိမ်မေွ့စွာ
ပြောဆိုတောင်းပန်းခဲ့တာကို
သတိရမိပြီး အတေွးတစ်ခု ဝင်လာတယ်။
ငါဟာ သူစိမ်းနဲ့ ဆက်ဆံတဲ့အခါမှာ
ယဉ်ကျေးသိမ်မေွ့ပြီးတော့
ကိုယ်ချစ်တဲ့ ကိုယ်သေွးသားနဲ့
ဆက်ဆံတာကျတော့
ဘာလို့ ကြမ်းကြမ်းတမ်းတမ်း
ဆက်ဆံနေတာလဲလို့ တေွးမိတယ်။
သူမဟာ စိတ်မကောင်းစွာ
အတေွးနယ်ချဲ့ရင်း အိပ်ပျော်သွားတယ်။
အဲဒီအချိန်မှာ အိပ်မက် မက်နေသလိုလို
တစ်စုံတစ်ယောက်က
သူမကို လာပြောနေသလို
သူမ နားထဲမှာ အသံတစ်ခုကို
ကြာလိုက်ရတယ်။
မီးဖိုခန်း တံခါးနားကို
သွားကြည့်လိုက်ပါ။
တံခါးနားမှား ပန်းတေွကျနေတာကို
တေွ့ရလိမ့်မယ်။
အဲဒီပန်းလေးတေွဟာ
သမီးကို ပေးဖို့အတွက်
သမီးရဲ့ သားလေးကိုယ်တိုင်
ခူးလာတာပါ။
ပန်းလေးတေွက သမီးကြိုက်တဲ့
အပြာရောင် ပန်းလေးတေွပါ။
သမီးကို အံ့သြသွားစေချင်လို့
သူ တိတ်တိတ်လေး သမီးနောက်မှာ
ရပ်နေရှာတာပါ။
သူ့ ရင်ထဲက ခံစားချက်တေွကို
သမီးတခါမှ မမြင်ဘူးမို့လားလို့ပြောပြီး
အသံဟာ ပျောက်ကွယ်သွားပြီး
သူမလည်း
အိပ်မက်က လန်နိုးလာခဲ့တယ်။
အဲဒီအချိန်မှာ
သူမ အရမ်းကို စိတ်မကောင်းဖြစ်ပြီး
သူမရဲ့ပါးပြင်ပေါ်ကို မျက်ရည်တေွ
စီးကျလာတယ်။
ပြီးတော့
သူမ သားလေးအိပ်ရာနားဆီကို
တိတ်တိတ်လေးသွားပြီး
အိပ်ရာဘေးမှာ
သွားဒူးထောက်လိုက်တယ်။
ထပါဦးသားလေးရယ်။
ဒီပန်းလေးတေွက
မေမေ့အတွက်
သားလေး ခူးလာပေးတာလားလို့
သူမ သားလေးကို မေးလိုက်တယ်။
သားလေးက
ဒီပန်းတေွကို ဟိုးအပင်နားမှာ
တေွ့တာ မေမေ။
ပန်းလေးတေွက မေမေ့လိုပဲ
အရမ်းလှလို့ သား ခူးလာတာပါ မေမေ။
မေမေက အပြာရောင်ပန်းလေးတေွကို
ကြိုက်မယ်ဆိုတာကို
သား သိလို့လေလို့ ပြောတယ်။
သားလေးဆီက စကားကို
ကြားလိုက်ရတော့ . .
သားလေးရယ် . .
မေမေ ဒီနေ့ သားကို ပြူမူလိုက်တဲ့ အမူအရာအတွက်
မေမေ တောင်းပန်ပါတယ်ကွယ်။
သားကို မေမေ
အဲလို မအော်သင့်ပါဘူးလို့ပြောတော့
သားလေးက
ရပါတယ် မေမေရယ်။
မေမေ့ကို သားချစ်တယ်တဲ့။
သားရယ် မေမေကလည်း
သားကို ချစ်ပါတယ်။
နောက်ပြီး
သားလေး ခူးပေးတဲ့
ဒီအပြာရောင်ပန်းလေးကိုလည်း
မေမေ အရမ်းကြိုက်ပါတယ်ကွယ်လို့
သားကို ပြန်ပြောလိုက်တယ်။
ဒီစာစုလေးမှာ
ကျွန်ုပ်တို့အတွက်
သင်ခန်းစာ ရလိုက်တာကတော့ . .
ကျွန်ုပ်တို့ဟာ
ကျွန်ုပ်တို့နဲ့ မရင်းနီးတဲ့
သူစိမ်းတေွအပေါ်မှာဆိုရင်
ယဉ်ကျေးချိုသာစွာ
ဆက်ဆံတတ်ပေမယ့်
ကျွန်ုပ်တို့
ချစ်ခင်တဲ့လူတေွအပေါ်မှာတော့
ကြမ်းကြမ်းတမ်းတမ်း
ဆက်ဆံမိတယ်ဆိုတာကို
မီးမေှာင်းထိုးပြနေခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့်
ကျွန်ုပ်တို့ ချစ်ရတဲ့သူတေွနဲ့
ဆက်ဆံတဲ့အခါမှာလည်း
ယဉ်ကျေးချိုသာစွာ
ပြောဆိုဆက်ဆံခြင်းဖြင့်
ကျွန်ုပ်တို့ရဲ့
မိသားစု ဆက်ဆံရေးကို
ပိုမိုကောင်းမွန်လာအောင်
ပြုပြင်ကြရအောင်လို့ ပြောပါရစေ။
Credit to original writer
ပြန်လည်မျှဝေပေးပါသည်