
သန်ကောင်ရဲ့ ရောဂါလက္ခဏာတေွကို စတင်ခံစားနေရပြီဆိုရင် နီးစပ်ရာဆေးပေးခန်းက ဆရာဝန်ဆီမှာ ပြသနိုင်ပါတယ်။ သန်ကောင် ရှိ၊ မရှိကိုတော့ နည်း ၃ မျိုးနှင့် စမ်းသပ်နိုင်ပါတယ်။
(၁) မနက်စောစော အိပ်ယာနိုးနိုးချင်း စအိုတစ်ဝိုက်ကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
(၂) မနက်စောစော ရေမချိုးမီနဲ့ အိမ်သာမတက်မီ adhesive tape test နဲ့လည်း စမ်းပြီး သိနိုင်ပါတယ်။
(၃) ဝမ်းစစ်ဆေးခြင်းဖြင့်လည်း သိနိုင်ပါတယ်။
သန်ကောင်ရောဂါလက္ခဏာများ
စအိုတစ်ဝိုက် ယားယံခြင်း
ဗိုက်နာခြင်း
ဝမ်းပျက်ခြင်း
အစားအသောက်ပျက်ခြင်း
သေွးအားနည်းခြင်း
ဖျားခြင်း
ချောင်းဆိုးခြင်း
အင်ပျဉ်ထခြင်း
မကြာခဏ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း တို့ဖြစ်နိုင်ပါတယ်။
ပါမောက္ခ ဦးသိန်းမြင့်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစာအိမ်အူလမ်းကြောင်းဌာန၊ ဆေး (၁)
Ref: သန်ကောင်ရောဂါသိကောင်းစရာ ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်