
ဖေဖေ၊ မေမေတို့ရဲ့ ကိုယ့်ရဲ့ရင်သေွးငယ်လေးတေွ မေွးဖွားလာတဲ့အခါမှာ အလုံးစုံကျန်းမာသန်စွမ်းတဲ့ရင်သေွးငယ်လေးတေွှဖစ်စေလိုကြတာက ဖေဖေ၊ မေမေတေွအားလုံးရဲ့ ဆန္ဒပဲမဟုတ်လား။ တစ်ခါတစ်ရံမှာ တစ်စုံတစ်ခုကြောင့်ချို့ယွင်းချက်တေွရှိလာရတဲ့အခါ အားလုံးကဝမ်းနည်းမှုတေွှကုံတေွ့ရတတ်ပါတယ်။ တချို့ကလေးငယ်တေွကတော့ မေွးရာပါ နှုတ်ခမ်းကွဲအာခေါင်ကွဲအခြေအနေကို ကြုံတေွ့ရတတ်ပါတယ်။ အဲ့ဒါကြောင့် ကလေးငယ်တေွမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲမဖြစ်ပွားရအောင် မေမေတို့က ဘယ်လိုမျိုးလိုက်နာနေထိုင်ရမယ်ဆိုတာလေးကို ကျားလေးက မှျဝေပေးမယ်နော်။

မေမေတို့ရေ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ရင်သေွးငယ်မေွးဖွားရတယ်ဆိုတာ ...
- မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တတ်ပါတယ်။
- အသက် ၃၅ နှစ်အထက်ကိုယ်ဝန်ဆောင်မိခင်က မေွးဖွားတဲ့ကလေးငယ်တေွမှာ ဖြစ်တတ်ပါတယ်။
- ကိုယ်ဝန်ဆောင်ပထမ ၃ လမှာ မိခင်ဝက်သက်ပေါက်တာ၊ အာဟာရချို့တဲ့တာ၊ လိမ့်ကျတာ၊ စိတ်ဖိစီးမှုများတာ၊ သန္ဓေသားအားထိခိုက်စေတဲ့ ဆေးတေွသုံးစွဲမိတာတို့ကြောင့်လည်းဖြစ်တတ်ပါတယ်နော်။ အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တေွက ကိုယ်ဝန်ဆောင်စအချိန်ကတည်းကစပြီး ဆရာဝန်တေွနဲ့ပြသဖို့လိုသလို ဆရာဝန်တေွရဲ့လမ်းညွှန်ချက်အတိုင်း လိုအပ်တဲ့ဆေးဝါးတေွကိုလည်း အားဖြည့်သောက်သုံးသင့်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ရင်သေွးငယ်လေးကိုမေွးဖွားလာပြီဆိုရင်လည်း ဆရာဝန်တေွနဲ့တိုင်ပင်ပြီး ရင်သေွးငယ်လေးရဲ့ကျန်းမာရေးအတွက် တိုင်ပင်ဆေွးနေွးကြဖို့ ကျားလေးက အကြံပြုလိုက်ပါတယ်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)