မိုးလို့ ဆိုလိုက်တာနဲ့ ကလေးတေွကတော့ အရမ်းပျော်ကြတာပါပဲ။ ကျောင်းသွား ကျောင်းပြန် မိုးရေထဲ သွားရတာ ပျော်တယ် မိုးရေထဲ ဆော့ရတာ ပျော်တယ်။ ဒါကြောင့်ပဲ ကလေးတေွက မိုးရွာတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ မိုးရေ ချိုးချင်ကြတယ်။ တစ်ချို့ကလေးတေွကျတော့ ဒီလိုရာသီမှာ ကျောင်းမသွားချင်ဘဲနဲ့ အိပ်ရာထဲ ကေွးချင်ကြတာကတော့ သဘာဝပါပဲ။ ဒါကြောင့်လည်း ဒီလိုရာသီ ရောက်လာတိုင်း မိဘတေွက အရမ်းစိတ်ပူကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးနဲ့အတူ ဝမ်းပျက်ရောဂါနှင့်တစ်ခြား ရောဂါတေွ ပါလာတက်လို့ပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ မိုးရာသီနဲ့ပတ်သက်ပြီးတော့ ကလေးတေွ ဝေးဝေးက ရေှာင်သင့်တဲ့ အစားအစာ( ၇ )မျိုးကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။
၁။ ဆီကြော် အစားအစာ
-------------------------------
မိုးရာသီမှာ ကလေးတေွ အစာမကြေ ဖြစ်လွယ်ပါတယ်။ ဒီအချိန်မှာ ကလေးရဲ့ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် ကလေးရဲ့အစာခြေစနစ်ကို ကောင်းကောင်း ထိန်းသိမ်းရမှာပါ။ ဆီကြော် အစားအစာတေွနဲ့ အဆီများတဲ့ အစားအစာတေွက ကလေးတေွအတွက် အရမ်းအန္တရယ်များလို့ ကလေးကို အစာမကြေ ဖြစ်တတ်ပါတယ်။
၂။ လက်သုပ်စုံ
------------
အထူးသဖြင့် ကလေးကို အသုပ်တေွ ဝယ်မကျေှးတာ ကောင်းပါတယ်။ တကယ်လို့ ကလေးက စားချင်တယ်ဆိုရင် အိမ်မှာပဲ ကိုယ်တိုင် သန့်သန့်ရှင်းရှင်း လုပ်ကျေှးပါ။ ဒီရာသီမှာ ဝမ်းနူးစေနိုင်တဲ့ အသုပ်တေွကို ဖြစ်နိုင်ရင်တော့ ကလေးကို မကျေှးတာ အကောင်းဆုံးပါပဲ။
၃။ အငန်များတဲ့ အစားအစာ
---------------------------
အငန်များတာတေွ စားရင် ကလေးငယ်ရဲ့ခန္ဓာကိုယ်မှာ ဖောရောင်ခြင်းတေွ ကောင်းကောင်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တေွမှာ ဖောရောင်တာတေွ ဖြစ်လာရင် ဆိုးကျိုးတေွ အများကြီး ဖြစ်လာစေတယ်။ ဒါကြောင့် ကလေးရဲ့အာဟာရမှာ အငန်မများစေဖို့အတွက် မိဘတေွက သေချာ ဂရုစိုက်ပေးပါ။
၄။ နို့ထွက်ပစ္စည်း
------------------------
မိုးရာသီမှာ လတ်ဆတ်တဲ့ နွားနို့ သောက်တာ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် နို့ထွက်ပစ္စည်းတေွရဲ့ သဘောသဘာဝအရ ဒီရာသီမှာ မြန်မြန်ဆန်ဆန် ဓာတ်ပျက်လွယ်ပါတယ်။ ဓာတ်ပျက်တယ်ဆိုတာ နို့ထွက်ပစ္စည်း မှာ ပါဝင်တဲ့ အာဟာရဓာတ်တေွ ဆုံးရှုံးပြီး အနံ့အရသာ ပြောင်းလဲ ပျက်စီးသွားတာပါ။ ဒိန်ချဉ် က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလတ်ဆတ်ဆုံး စားတာပဲ အကောင်းဆုံးပါ။ ဒိန်ချဉ် မဖြစ်၊ နို့မဖြစ် ဓာတ်ပျက်သွားတဲ့ အနေအထားတေွဆို အခန့်မသင့်ရင် အစာအဆိပ်သင့်တာ အထိ ဖြစ်စေနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတေွ ရက်လွန်တာ၊ အသွင်သဏ္ဍာန်ပြောင်းလဲတာတေွက ဝမ်းပျက်စေနိုင်တဲ့ လက္ခဏာတေွပါ။
၅။ ဟင်းသီးဟင်းရွက် အစိမ်း
------------------------------------
မိုးတွင်းဆို ဟင်းသီးဟင်းရွက် တေွဟာ စိုက်ခင်းကနေ၊ စျေး၊ မီးဖိုချောင် စတဲ့ အဆင့်ဆင့် ဖြတ်ကျော်ခဲ့တဲ့ နေရာတေွမှာ ရောဂါပိုးတေွ ကပ်ငြိလာနိုင်ခြေ ပိုများပါတယ်။ အစာခြေစနစ် ဖွံ့ဖြိုးဆဲအရွယ် ဖြစ်တဲ့ ကလေးတေွ အတွက် အရဲစွန့်ပြီး အသီးအရွက်အစိမ်း မကျေှးပါနဲ့လို့ အကြံပြုချင်ပါတယ်။ ဒါကြောင့် ဒီရာသီမှာ ကလေးတေွကို အိမ်မှာပဲ ပူပူနေွးနေွး ချက်ကျေှးပါ။
၆။ လှီးဖြတ်ပြီးသော အသီးအနှံများ
------------------------------------------
ဆိုလိုတာကတော့ အပြင်မှာ လှီးဖြတ်ပြီးသား အသီးအရွက်တေွပါ။ မလှီးဖြတ်ရသေးတဲ့ လက်ဆတ်တဲ့ အသီးအနှံတေွကို ကိုယ်တိုင် ချက်ပြုတ်ပြီးမှသာ ကလေးတေွကို ကျေှးပါ။ဘာဖြစ်လို့လဲဆိုတော့ အပြင်က အသီးအနှံ မဆေးကြောရသေးတဲ့အပြင် ပိုးကောင်တေွ၊ ဘာတေွလဲ ကပ်ပါလာနိုင်လို့ ဒီရာသီမှာ ကလေးတေွကို ဒီလိုအသီးအနှံတေွ မကျေှးတာ အကောင်းဆုံးပါပဲ။
၇။ ရက်ကျန် အစားအစာ
-----------------------
အပေါ်မှာ ပြောခဲ့သလိုပဲ ကလေးကို ကျေှးမယ့် အစားအသောက်တေွက လတ်ဆတ်ဖို့ အရေးကြီးပါတယ်။ မနက်စာ၊ ညစာ ချန်ထားတဲ့ အစားအစာတေွ (ဥပမာ ကလေးက ကြိုက်လို့ ဆိုပြီး ကြက်ကြော်တို့၊ ဘဲကင်တို့ ခွဲသိမ်းထားတာမျိုး) ၊ မနေွှးထားတဲ့ ဟင်းတေွ၊ ပထမရက်က ဟင်းလျာတေွ၊ ရေခဲသေတ္တာ ထဲက ထည့်ထားတာ ကြာတဲ့ အစားအသောက်တေွ မကျေှးပါနဲ့။
#Ref(စန္ဒီနန်းမွန် - မိုးရာသီနဲ့ကလေးကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)