မည်သည့်အသက်အရွယ်မှာမဆို ကိုယ်ဝန်ဆောင်ခြင်းမှာ အားသာချက်နဲ့ အားနည်းချက်များ ရှိပါတယ်။ အများစုက အသက်(၃၀)အရွယ်ဟာ ကိုယ်ဝန်ဆောင်ဖို့ အသင့်တော်ဆုံးအရွယ်ဖြစ်ကြောင်း ဆိုကြပေမယ့် ငယ်ရွယ်တဲ့ ဆယ်ကျော်သက်အချိန်ကာလများထက်စာရင် မီးဖွားမှုစွမ်းရည် ကွာခြားသွားတတ်ပါတယ်။
ဆယ်စုနှစ်တစ်ခု ကြာတာနဲ့အမျှ အမျိုးသမီးများရဲ့ မီးဖွားမှုမှာ သိသိသာသာ ကျဆင်းလာပါတယ်။ ကလေးမွေးဖွားခြင်းဆိုင်ရာ ကျွမ်းကျင်သူများဟာ ကိုယ်ဝန်ဆောင်လိုတဲ့ အသက်၃၀ကျော် အမျိုးသမီးများကို အချိန်မဆွဲဖို့ သတိပေးကြပါတယ်။
အသက်၃၀ကျော်ကာလတွေမှာ ကိုယ်ဝန်ဆောင်ဖို့ အခွင့်အလမ်းဟာ အသက်၂၀ကျော်သူများထက် အနည်းငယ်သာလျော့နည်းပေမယ့် ကိုယ်ဝန်ပျက်ကျခြင်း ၊ မွေးလာသောကလေးမှာ ဒေါင်းရောဂါဖြစ်ပွားနိုင်ချေ အနည်းငယ် မြင့်မားနေပါတယ်။ ၃၅နှစ်အထက်မှာတေ့ မွေးဖွားနှုန်း ကျဆင်းလာပါတယ်။
ဒါ့အပြင် ၃၅နှစ်အထက် မိခင်များဟာ အခြားငယ်ရွယ်သော မိခင်လောင်းများထက် ပိုမိုရှုပ်ထွေးခက်ခဲတဲ့ ကိုယ်ဝန်မျိုး ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် အသက်၂၀ကျော်မိခင်များထက် ဗိုက်ခွဲပြီး မီးဖွားရနိုင်ချေဟာ ၄၃ရာခိုင်နှုန်း ပိုမိုများပြားနေပါတယ်။ ဒီလိုများပြားလာရခြင်းဟာ သက်ကြီးမိခင်များအနေနဲ့ သာမန်မီးဖွားရာမှာ လုံလောက်တဲ့အားအင်စိုက်ထုတ်မှုမျိုး မရနိုင်တော့တာကြောင့်ပဲ ဖြစ်ပါတယ်။
HYA (kyarlay)