ကိုယ်ဝန်ဆောင်မိခင်ဟာ ပုံမှန်စားသုံးခြင်းရဲ့ တစ်ဆခွဲခန့် ပြောင်းပြီး စားသုံးခြင်းဖြင့် မိခင်ရော ကလေးအတွက်ပါ အာဟာရ လုံလောက်နိုင်ပါတယ်။ နေ့စဉ်စားသုံးခြင်းကို အာဟာရ မှျတမှုရှိစေဖို့ ထမင်း၊ ကောက်နှံ၊ ပေါင်မုန့်အုပ်စု + ပရိုတင်းအုပ်စု ( အသားနဲ့ ဥ၊ နို့ထွက်အစားအစာတေွ ) + အဆီဓာတ် ( ဆီအနည်းငယ် ) + ဗီတာမင်အုပ်စု ( အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ အရည်ရွှမ်းတဲ့ သစ်သီးဝလံများ ) စုံလင်စွာ ထည့်သွင်းစားသုံးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အရည်ရွှမ်းတဲ့ သစ်သီးဝလံတေွက ၀မ်းချုပ်ခြင်းကို ကာကွယ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်ဟာ ချည်ထည်၊ အဝတ်အစား ချောင်ချောင်ချိချိ၊ ပွပွယောင်းယောင်းတေွကို ရေွးချယ်ဝတ်ဆင်သင့်ပါတယ်။ ဘရာစီယာကိုလည်း ပုံမှန်ထက် ပိုကြီးတဲ့ အရွယ်အစားကို ပြောင်းပြီး ၀တ်ဆင်သင့်ပါတယ်။ နေအိမ်မှာဖြစ်စေ၊ အလုပ်ခွင်မှာဖြစ်စေ ဖိနပ်အပါးကိုပဲ ၀တ်ဆင်သင့်ပါတယ်။ အိမ်မှုကိစ္စကိုလည်း လေှျာ့ပေါ့ လုပ်သင့့်ပါတယ်။ သင့်တင့်မှျတတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတေွကိုလည်း မှန်မှန်လုပ်သင့်ပါတယ်။ ပုံမှန် သေွးလည်ပတ်မှုကို အားပေးပြီး မိခင်ရော ကလေးပါ ကျန်းမာဖွံ့ဖြိုးမှုကို အားပေးပါတယ်။ အရေးကြီးက တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူးဂရုစိုက်သင့်ပါတယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း