မိခင်တစ်ယောက်အနေနဲ့ မိမိရဲ့ သုံးလသားအရွယ် ရင်သွေးငယ်ကို တစ်နေ့မှာ ၂နာရီခွဲခန့် နို့တိုက်ကျွေးရုံဖြင့် လုံလောက်ပြီး နေ့ဘက်များမှာ တိုက်ကျွေးထားခြင်းက ညအခါမှာ ကောင်းမွန်စွာ အိပ်စက်နိုင်မှာ ဖြစ်ပါတယ်။
မနက်၅နာရီအချိန်မှာ အိပ်ရာထပြီးနောက် သင့်ရင်သွေးကို နို့တိုက်ပြီး နောက်တစ်ရေးပြန်သိပ်ပါ။ ၈နာရီခွဲမှာ နွေးသောရေဖြင့် မျက်နှာသစ် သန့်စင်ပေးပြီး ကလေးလိမ်းပေါင်ဒါ(သို့မဟုတ်)လိုးရှင်းများ လိမ်းကျံကာ အဝတ်အစားများ ဝတ်ဆင်ပေးပါ။ ၁၀နာရီခွဲမှာတော့ နောက်တစ်ကြိမ် နို့စို့ဖို့အတွက် ရင်သွေးငယ်လေး အဆင်သင့်ဖြစ်နေပါပြီ။
၁၁နာရီခွဲမှာတော့ တစ်ဖန်ပြန်ပြီး အိပ်စက်ပါစေ။ သင့်အနေနဲ့လည်း ထိုအချိန်မှာ အနားယူသင့်ပါတယ်။ ၁၂ခွဲနဲ့ ၁နာရီကြားမှာ ရင်သွေးငယ်လေး ပြန်လည်ဗိုက်ဆာတတ်ပြီး နို့စို့ပြီးတာနဲ့ ပြန်အိပ်မှာဖြစ်ပါတယ်။ ၂နာရီခွဲမှာ နောက်တစ်ခေါက် ထိုကဲ့သို့ ထပ်ဖြစ်ပါမယ်။
၄နာရီခွဲမှာ နောက်တစ်ကြိမ် ထပ်စားမှာဖြစ်ပြီး အိပ်ငိုက်တတ်ပေမယ့်လည်း ၆နာရီနောက်ပိုင်းမှာတော့ မအိပ်တော့ပါဘူး။ ၆နာရီခွဲမှ ၇နာရီကြားမှာ နို့တစ်ကြိမ် ထပ်တိုက်ရပြီး ၁၀နာရီမှာတော့ နောက်ဆုံးအကြိမ်အဖြစ် နို့တိုက်ပေးရပါမယ်။ ရင်သွေးငယ်လေးကို ၁၀နာရီခွဲ နောက်ဆုံးထားပြီး အိပ်စက်ပါစေ။
HYA (kyarlay)