မိခင်နို့ရည်မှာ ကလေးငယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တေွ၊ ဗီတာမင်တေွနဲ့ သတ္တုဓာတ်တေွပါဝင်ပြီး ရေပါဝင်မှုက ၈၀ ရာခိုင်နှုန်းရှိတာကို သိပ္ပံနည်းကျတေွ့ရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့ရာသီမှာတောင် မိခင်နို့ရည်က ကလေးငယ်အတွက်လိုအပ်တဲ့ အာဟာရနဲ့ ရေဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ အခုချိန်မှာ ကလေးငယ်တေွကို ရေတိုက်ကျေွးမိရင် အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတေွ ဝင်ရောက်ကာ ဝမ်းပျက်ဝမ်းလေှျာနဲ့ အဖျားဝင်ဖို့အတွက် အခွင့်အလမ်း ပိုများနိုင်ပါတယ်။ နောက်ပြီး တစ်ဆက်တည်းမှာပဲ ကလေးငယ်ကို လျင်လျင်မြန်မြန် ဗိုက်ပြည့် သွားစေပြီး မိခင်နို့ကောင်းကောင်းတိုက်ကျေွးနိုင်ဖို့ အဟန့်အတား ဖြစ်စေမှာ ဖြစ်ပါတယ်။
ဒေါ်သဲလ်မာထွန်းသိန်း
(အာဟာရသိပ္ပံပညာပါရဂူ/အာဟာရဗေဒပညာရှင်နှင့် မိခင်နို့တိုက်ကျေွးခြင်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု အကြံပေးပညာရှင်)