နို့စို့အရွယ်ရင်သွေးငယ်လေးတွေမှာ လေတက်ခြင်း ၊ လေအောင့်ခြင်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လေတက်ခြင်းဟာ အစာခြေစနစ်ရဲ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အခြားအရွယ်ရောက်ပြီး ကလေးငယ်တွေမှာပါ ဖြစ်တတ်တာကို တွေ့ရပါတယ်။
များသောအားဖြင့် သင့်ရင်သွေးငယ်လေး လေတက်ခြင်းမှာ စိုးရိမ်စရာမရှိပါဘူး။ ပြီးတော့ သင့်ကလေး လေတက်နေတာနဲ့ သင်အစားမှားပြီလို့ မယူဆလိုက်ပါနဲ့။ သင့်ရင်သွေးငယ်လေး လေ့အောင့်ပြီး မသက်မသာဖြစ်နေမှသာ ထိုသို့ ယူဆပြီး ပြစုစောင့်ရှောက် ကုသမှု ခံယူသင့်ပါတယ်။
သင့်အနေနဲ့ နို့တိုက်ကာလမှာ အစုံစားပေးရပါမယ်။ ပန်းဂေါ်ဖီစိမ်း ၊ ဂေါ်ဖီထုပ် ၊ ကြက်သွန်ဖြူ ၊ စပ်သောအစားအစာများ ၊ အာလူးကြော်တို့ဟာ မိခင်နို့ရည်ကို မထိခိုက်စေပါဘူး။ သင့်ရင်သွေးငယ်လေးဟာ အစားအစာနဲ့ပတ်သတ်ပြီး အရမ်းကို ထိလွယ်ရှလွယ် ဖြစ်နေတယ်လို့ ယူဆပြီး လေပွစေမယ့် အစားအစာများကို ရှောင်ကြဉ်လိုက ရှောင်နိုင်ပါတယ်။
သင့်ရင်သွေးလေးဟာ အာဟာရစုံလင်စွာရရှိဖို့ လိုအပ်တာကြောင့် အစားရှောင်ဖို့တော့ အားမပေးပါဘူး။ အစားရှောင်တဲ့အခါ ကလေးရဲ့ အခြေအနေတုန့်ပြန်ပုံကို ကြည့်ပြီး အကဲဖြတ်ပါ။ သင့်ရင်သွေးလေတက် ၊ လေအောင့်စေတဲ့အစာလို့ ယူဆရတဲ့ အရာကို ချက်ချင်းရှောင်ကြည့်လိုက်ခြင်းဟာ သူဘာနှစ်သက်သလဲဆိုတဲ့အဖြေကို ပေါ်လွင်စေပါလိမ့်မယ်။
HYA (kyarlay)