ကလေးတေွမှာ မှက်ခရုပေါက်လာခဲ့ရင် ဖေဖေမေမေတို့ စိုးရိမ်တတ်ကြပါတယ်။ မှက်ခရု ဘယ်နေရာမှာ ပေါက်တာလဲ။ ပါးစပ်၊ အာခေါင်၊ လှျာ၊ နှုတ်ခမ်းမှာပေါက်ရင် လိမ်းဆေးကတစ်မျိုး၊ အရေပြားမှာပေါက်ရင် လိမ်းဆေးကတစ်မျိုးပါ။ ပါးစပ်အတွင်းမှာ ပေါက်ရင်တော့ Dark train Oral Gel ဆိုတာ လိမ်းပေးလို့ရပါတယ်။ ခရမ်းပြာလိမ်းဆေးလည်း လိမ်းလို့ရပါတယ်။ အာခေါင်၊ လှျာ၊ ခံတွင်းတေွကို သန့်အောင်ထားရပါမယ်။ အရေးပြားလိမ်းဆေးက Nystatin အရေပြားလိမ်းဆေး သပ်သပ်ရှိပါတယ်။ သောက်ဆေးကတော့ ဆရာဝန်ညွန်ကြားမှ တိုက်ရပါမယ်။
Ref: မေ့ရင်သေွး မဂ္ဂဇင်း