
ကြက်ဥအပါအဝင် ဥအမျိုးမျိုးဟာ ကိုလက်စထရောပမာဏ မြင့်မားစွာပါဝင်လို့ စားဖို့ကို လက်တွန့်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေဆိုရင်တော့ ကလေးအတွက်ကို စဉ်းစားပြီး ကြက်ဥကိုစားသုံးပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကြက်ဥမှာ ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေလို့ပါပဲ။
ကြက်ဥ၊ ဘဲဥတို့လို ဥတွေ စားသုံးပေးခြင်းဟာ ကလေးအတွက်ရော ကိုယ်ဝန်ဆောင်မိခင်လောင်းအတွက်ပါ ကောင်းကျိုးဖြစ်စေပါတယ်။ ဥတွေထဲမှာပါတဲ့ ကိုလင်းဓာတ်က အဓိကကောင်းကျိုးပေးတဲ့အရာပါ။
ကြက်ဥစားခြင်းကြောင့် ကလေးဟာ မိခင်ဝမ်းထဲမှာရှိနေစဉ်မှာပင် အာရုံကြောစနစ်ဖွံ့ဖြိုးစေပါတယ်။ ဗီတာမင် B complex တွေလည်း လုံလုံလောက်လောက်ပါဝင်နေလို့ မိခင်ရောကလေးပါ ကောင်းကျိုးဖြစ်စေပါလိမ့်မယ်။ ကြက်ဥပုံမှန်စားသုံးပေးတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးဟာ မှတ်ဉာဏ်စွမ်းရည် မြင့်မားပါတယ်။ကိုယ်ဝန်ဆောင်သည်များသည် ကြက်ဥ ၊ ဘဲဥ အစရှိသော ဥများအား စားသောက်ရာတွင် လုံးဝကျက်သွားသည်အထိ ချက်ပြုတ်စားသောက်ရမည်။ ထိုကဲ့သို့ လုံးဝကျက်သွားသည်အထိ ချက်ပြုတ်စားသောက်ခြင်းမပြုဘဲ မကျက်တကျက် ချက်ပြုတ်ကြော်လှော် စားသောက်ခြင်း ၊ အစိမ်းသောက်ခြင်းတို့ကို လုံးဝ ရှောင်ကြဉ်သင့်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဥအမျိုးမျိုးတို့အား အစိမ်းစားခြင်းနှင့် မကျက်တကျက် စားခြင်းတို့သည် ကိုယ်ဝန်ဆောင်သည်အား အစာအဆိပ်သင့်စေခြင်း ၊ ဥအတွင်းရှိ ပိုးမွှားများကြောင့် ဖျားနာခြင်း ၊ အန်ခြင်း နှင့် ဝမ်းသွားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သောကြောင့်ဖြစ်သည်။ထို့ကြောင့် မိမိအိမ်၌သော်လည်းကောင်း ၊ စားသောက်ဆိုင်နှင့် အလှူများတွင်သော်လည်းကောင်း ဥအမျိုးမျိုးပါဝင်နိုင်သော အစားအသောက် ၊ အသုတ် အစရှိသည်တို့တွင် ကြက်ဥကို လုံးဝကျက်သည်အထိ ချက်ပြုတ်ထားခြင်းရှိ ၊ မရှိ စိစစ်ပြီးမှ စားသောက်သင့်ပေသည်။