
တစ်ချို့သောအခြေအနေတွေကတော့ အမေရဲ့ဗိုက်ထဲမှာ ကြီးထွားမှုဖြစ်ကတည်းက ပုံစံမမှန်မှုကြောင့်ဖြစ်ရတာဖြစ်ပါတယ်။
အများအားဖြင့်တော့ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ကသက်ရောက်တဲ့အချက်တွေကြောင့် ဖြစ်ရတယ်လို့ ယူဆကြပါတယ်။ တကယ်လို့သင့်မိသားစုထဲမှာ ခြေခွင်တဲ့လူတစ်ယောက်ရှိပါက သင့်မွေးကင်းစကလေးမှာလည်း ဖြစ်နိုင်ပါတယ်။
တကယ်လို့ သင့်မိသားစုထဲမှာ ကလေးတစ်ယောက်ကခြေခွင်ခြင်းနဲ့မွေးလာပါကလည်း နောက်တစ်ယောက်ထပ်မွေးမယ့် ကလေးမှာ ခြေခွင်ခြင်းဖြစ်ဖိုအလားအလာ များပါတယ်။
မွေးကင်းစမှာ ခြေခွင်ခြင်းပါလာပါက တစ်ခြားကျန်းမာရေးပြသနာတွေပါဖြစ်နိုင်တယ်ဆိုတာကိုညွှန်ပြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြေခွင်ခြင်းဟာ ကျောရိုးနာ့ဗ်ကြောမနဲ့ အဖုံးလွှာတို့ရဲ့ မွေးရာပါချို့ယွင်းချက်နဲ့ တွဲနေတတ်လို့ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ကလေးတစ်ယောက်က ခြေခွင်ခြင်းနဲ့မွေးဖွားလာပါက တစ်ခြားကျန်းမာရေးပြဿနာတွေပါရှိနေမလားဆိုတာ သေချာစမ်းသပ်ရပါမယ်။ ခြေခွင်ခြင်းဆိုတာဟာ အာရုံကြော၊ကြွက်သားနဲ့အရိုးစနစ်တွေကို ထိခိုက်မိခြင်းများဖြစ်တဲ့ လေဖြန်းခြင်း ဦးနှောက်ဒဏ်ရာရခြင်းတွေရဲ့ ပြသနာ ရလာဒ်တွေအဖြစ်လည်း ဖြစ်နေတတ်ပါတယ်။