Kyarlay.com

over 1 year

ကိုယ်ဝန်ဆောင်နဲ့လသားကလေးငယ်တွေအတွက် အန္တရာယ်ကြီးမားသည့် ဆေးလိပ်ငွေ့


Nfsqccmur8far3xjacjx

ဖေဖေ၊ မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ လသားကလေးငယ်တွေအတွက် ဆေးလိပ်အန္တရာယ်က အရမ်းကိုကြီးမားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ လသားကလေးငယ်တွေရဲ့ အိမ်တွင်း ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်သုံးသူတွေရှိနေမယ်ဆိုရင်တော့ အဲ့ဒီသူတွေအနေနဲ့ အမြန်ဆုံးဆေးလိပ်ဖြတ်နိုင်ရင်တော့ ပိုကောင်းပါတယ်နော်။ ဆေးလိပ်အန္တရာယ်ကြောင့် ကိုယ်သ၀န်ဆောင်မိခင်တွေသားပျက်သားလျှောဖြစ်တာတွေ၊ မွေးစကလေး၊ လသားကလေးသေဆုံးတာတွေဖြစ်တတ်လို့ အားလုံးကဂရုတစိုက်နဲ့ရှောင်ရှားကြဖို့လိုပါတယ်နော်။



Qztzuihrii1matpmp8oo

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်တိုင်ဆေးလိပ်သောက်တာ၊ သူတစ်ပါးရဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရတာ၊ ဆေးပါတဲ့ကွမ်းစားတာတွေကြောင့် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ ဒါ့အပြင်မှာ လမစေ့၊ ပေါင်မပြည့်တဲ့ ကလေးမွေးဖွားတာ၊ မွေးရာပါကိုယ်အင်္ဂါချို့ယွင်းတာ၊ မွေးကင်းစကလေး ရုတ်တရက်သေဆုံးတာအပြင် ကလေးအသေမွေးဖွားတာမျိုးတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဆေးလိပ်သောက်၊ ကွမ်းစားတတ်တဲ့ ကိုယ်ဝန်ဆောင်မေမေတွေက အမြန်ဆုံး ဆေးလိပ်၊ ကွမ်းဖြတ်ဖို့လိုသလို ဖေဖေတွေဆေးလိပ်သောက်တတ်ရင်လည်း အမြန်ဆေးလိပ်ဖြတ်ဖို့အတွက် အကြံပြုချင်ပါတယ်နော်။


Miernkjm34lofpuojbdv

ဆေးလိပ်သောက်သုံးသူတွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးငယ်တွေက ဆေးလိပ်ငွေ့ကိုရှူရှိုက်ရတဲ့ လသားကလေးငယ်တွေ ရုတ်တရက်သေဆုံးတာ၊ အဆုတ်ရောဂါဖြစ်တာ၊ ကလေးငယ်တွေ ရင်ကြပ်ပန်းနာဖြစ်တာ၊ နားပြည်ယိုတာတွေလည်းဖြစ်ပေါ်တတ်ပါတယ်။ ဖေဖေ၊ မေမေနဲ့မိသားစုဝင်အားလုံး ဂရုပြုရမှာက ဆေးလိပ်ငွေ့က သောက်သုံးသူကိုသာမက ရှူရှိုက်ရတဲ့ပတ်ဝန်းကျင်ရှိလူတွေကို ထိခိုက်စေပါတယ်။ အဲ့ဒါကြောင့်လည်း အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကိုရှောင်ရှားဖို့အတွက် သက်ဆိုင်ရာကသတိပေးချက်တွေလည်း ထုတ်ပြန်ထားတာပါ။ ဖေဖေ၊ မေမေတွေ၊ မိသားစုတွေအားလုံးကလည်း ဂရုတစိုက်နဲ့ ရင်သွေးငယ်လေးတွေကို ပြုစုစောင့်ရှောက်ကြဖို့ လိုအပ်ပါတယ်နော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)