စျေး မီဒီယာ

Posted by thae ei ei aung July 9, 2020

Formula Feedings နို့မံှု့တိုက်နည်း
===========================
မော်လမြိုင်၊ ၂ရ ဖေဖော်ဝါရီ ၂၀၂၀

၁။ ဆရာရှင့် ကျှန်မ အသက် ၂ရ နှစ်ပါ။ အမွှာမေွးထားတာ ဒီနေ ့ခုနှစ်ရက်မြောက်ပါ။ ဆေးရုံမှာတုန်းက ဆရာမတေွက နှစ်နာရီခြားတစ်ခါနို ့တိုက်ပါတယ်။ ကလေးဆရာဝန်က ဖော်မြူလာကူခိုင်းလို ့မိခင်နို့တိုက်ပြီးတိုင်းလဲ နို့မူန့် တိုက်ခိုင်းပါတယ်။ မိခင်နို့ကတော့ လိူင်လိူင်ထွက်ပါတယ်။ အိမ်ပြန်ရောက်တော့မှ ဒုက္ခစတေွ ့ပါတော့တယ်။ သမီး ပင်ပန်းမှာစိုးလို့ဆိုပြီး၊ နေ့ည နှစ်နာရီတခါ မတိုက်ခိုင်းပါဘူး။ ကလေးတေွအိပ်နေတာကောင်းတယ် ဆာရင် ငိုလိမ့်မယ်ဆိုပြီး၊ နို့မတိုက်ရပါဘူး။ ကလေးတေွ အိပ်တိုင်းမကောင်းဘူးဆိုတာပြောပြလို ့လက်မခံကြပါဘူး။ ဖုန်းလဲ ခိုးသုံးနေရလို့ ဆရာရေးတဲ့ ပိုစ်အဟောင်းတေွလဲ ပြန်ရှာခွင့်မရပါဘူး။ ကလေးနို့တိုက်ချိန်နဲ ့ပတ်သတ်ပြီး ဆရာရေးခဲ့တဲ့ ပို့စ်ဖြစ်ဖြစ် ပြန်လည်ဖြေကြားပေးတာပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး ကူညီပါရှင်။ ယောက်ခမနဲ ့မိဘတေွကိုပေးဖတ်ချင်လို့ပါ။ စိတ်သောကရောက်နေရလို ့ပါ။

၂။ ဆရာရှင့် ကျွန်မသမီးက ခု ၄ လကျော်ပါပြီ။ 7kg ကျော်ကျော်ပါ။ ခု ၄ ရက် ၅ရက်ရှိပြီ နို့ကောင်းကောင်း မဆို့ဘူးဆရာ။ လူကြီးတေွအစားစားရင်စားချင်နေတယ်။ ငယ်သေးတဲ့အတွက် မကျေွးသေးပဲထားပါတယ်ဆရာ။ ခုတလောနို့မဆို့တော့ ဖြည့်စွက်စာအနေနဲ့ ကျေွးသင့်ပြီလား၊ ၆ လပြည့်မှပဲကျေွးရမလား သိချင်လို့ပါဆရာ။ တစ်ချို့ကကျေွးလို့ရပြီ၊ တစ်ချို့က မကျေွးနဲ့ပြောလို့ ကျေွးရင် ကလေးအတွက် ဘာတေွထိခိုက်နိုင်ပါသလဲဆရာ။ ကျမကျန်းမာရေးအရ သမီးလေးကို မိခင်နို့တိုက်မရ နို့ဗူးပဲဆို့ပါတယ်။ အရင်ကတစ်နေ့ကို ၈၀၀ ml နဲ့ ၉၀၀ ml ကြားသောက်ပါတယ်။ ခု ၄ ရက်ရှိပါပြီ ၆၀၀ ml ရ၀၀ ml ပြည့်အောင် မနဲချော့တိုက်နေရပါတယ်။ အာ့လိုပဲဖြစ်တတ်ပါသလားဆရာ။ ကျမက သမီးနို့မဆို့တော့ သူ့ကြည့်ပြီးငိုနေရတယ်ဆရာ။ ဗိုက်ဆာနေမလားဆိုပြီးတော့ ကျမဘာလုပ်ရမှန်းလည်းမသိတော့ပါဘူးဆရာ။ ကျမဘာလုပ်သင့်လဲ ဘယ်လိုတိုက်ရမလဲ ဖြေကြာပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာရှင့်။

၃။ ဆရာရှင့် သမီးလေးက ၅လနဲ့ တပတ်ရှိပါပြီရှင့် မိခင်နို့ထွက်နည်းလို့ နို့မှုန့်ကူရပါတယ်ရှင် similac တိုက်တာ ကလေးက မကြိုက်လို့ dumex ပြောင်းတိုက်ပါတယ် ဆရာ dumex မှာ lactose free နဲ့ dupro ၂မျိုးတေွ့တာ ဘယ်တမျိုးက ကလေးအတွက်ပိုကောင်းလဲ သိချင်လို့ပါရှင့် lactogen မှာကလည်း 100%lactose လဲရေးထားတာတေွ့လို့ similac ပဲ ကောင်းတယ်ပြောကြပြီး ကလေးကလဲ တိုက်လို့ကိုမရလို့ပါ ဘာတိုက်ရမယ်မှန်းမသိတော့လို့ပါရှင့် ဘာဓာတ်ပါတာကို ရှာဝယ်ရမလဲရှင် ကျေးဇူးတင်ပါတယ် ဆရာရှင့်

ကလေးနို့မှုန်တေွ သိပ်မကွာလှပါ။ လက်တို့စ်ဓါတ်နဲ့ မတည့်သူသာ လက်တို့စ်ဖရီး နို့မှုန့်သာတိုက်ရတယ်။

ဆရာရှင့် သမီးလေးက၅လနဲ့တပတ်ရှိပါပြီရှင့် မိခင်နို့ထွက်နည်းလို့ နို့မှုန့်ကူရပါတယ်ရှင် similac တိုက်တာ ကလေးကမကြိုက်လို့ dumex ပြောင်းတိုက်ပါတယ် ဆရာ dumex မှာ lactose free နဲ့ dupro ၂မျိုးတေွ့တာ ဘယ်တမျိုးကကလေးအတွက်ပိုကောင်းလဲသိချင်လို့ပါရှင့် lactogen မှာကလည်း 100%lactose လဲရေးထားတာတေွ့လို့ similacပဲကောင်းတယ်ပြောကြပြီး ကလေးကလဲ တိုက်လို့ကိုမရလို့ပါ ဘာတိုက်ရမယ်မှန်းမသိတော့လို့ပါရှင့် ဘာဓာတ်ပါတာကိုရှာဝယ်ရမလဲရှင် ကျေးဇူးတင်ပါတယ် ဆရာရှင့်

ပဌမမေးခွန်းမှာ တစ်တေွကိုပြင်ထားပါတယ်။ ကျှန်တော့်ပို့စ်မှာသုံးမှာဖြစ်လို့ပါ။ ဒုတိယမေးခွန်းမှာ (စို့) ကို (ဆို့) လို့ မှားသိနေတယ်။ အာ့လိုပဲမဟုတ်ပဲ အဲလိုပဲလို့ရေးသင့်။ စို့ = နို့စို့၊ မှျစ်စို့၊ အစို့အညေှာင့်၊ စို့စို့ပို့ပို့ (လုံလုံလောက်လောက်)၊ စို့နဲ့အပေါက်ဖေါက်၊ သတ်ပုံမှန်အောင်ရေးကြစို့။ ဆို့ = ဆို့ပိတ်၊ တစ်ဆို့၊ စီးပွါးရေးပိတ်ဆို့၊ပုလင်းဗူးဆို့၊ ရေွှရင်ဆို့၊

နို့မှုန့်တေွက မကွာကြပါ။ မစိုးရိမ်ပါနဲ့။ ကလေးဆိုတာ အစားအသောက်ပြောင်းကစ အဆင်မသင့်တာဖြစ်လေ့ရှိတယ်။ မကြာခင် ကျင့်သားရပါမယ်။

• မေွးကာစရက်ပိုင်း = တခါတိုက် 2 to 3 ounces (60–90 ml) ၃-၄ နာရီတကြိမ်။ တလအောက်ကလေး အိပ်တာများရင် နိှုးတိုက်ပါ။
• တလကျော်လာရင် တခါတိုက် 4 ounces (120 ml) ၄ နာရီတခါတိုက်ပါ။
• ၆ လရှိလာရင် တခါတိုက် 6 to 8 ounces (180–240 ml) တနေ့ ၄-၅ ခါတိုက်ပါ။
• ကလေးအလေးချိန် ၁ ပေါင် (453 grams) ရှိတိုင်း နို့မှုန့် 2 1⁄2 ounces (75 ml) လိုမယ်။
• တချို့ကလေးက တခါတိုက် 3 to 4 ounces (90–120 ml) နဲ့ တလကြီးလာတိုင်း 1 ounce (30 ml) တိုးတိုက်ပါ။ အများဆုံး 7 to 8 ounces (210–240 ml) တိုက်ပါ။
• ၂၄ နာရီအတွင်း 32 ounces (960 ml) ထက်မပိုစေပါနဲ့။
• မေွးခါစမှာ ကလေးတောင်းတိုင်း တိုက်နိုင်တယ်။ နောက်မှာ အချိန်သတ်မှတ်ပြီးတိုက်ပါ။

အမေရိကမှာ နို့မှုန့်ကို Formula milk လို့ခေါ်ကြတယ်။
• ကလေး ၂ ပါတ်အထိ တခါတိုက် ၆ဝ-၇ဝ စီစီ
• ၂ ပါတ်ကနေ ၂ လအထိ တခါတိုက် = ရ၅-၁ဝ၅ စီစီ = တနေ့ ၄၅ဝ-၇၃၅ စီစီ
• ၂ လကနေ ၆ လအထိ = တခါတိုက် ၁ဝ၅-၂၁ဝ စီစီ = တနေ့ ၉ဝဝ စီစီ
• ၆ လနောက် တခါတိုက် ၂၁ဝ-၂၄ဝ စီစီ = တနေ့ ၉ဝဝ စီစီ
• ၆ လမှာ ဖြည့်စွက်စာကျေှးရင် နို့ကို တနေ့မှာ ၆ဝဝ စီစီအထိလေှျာ့တိုက်နိုင်တယ်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.