ကလေးငယ်တစ်ယောက် ဟာ နေ့နဲ့ညမှားနေတာကို မိခင်တွေအတွက် အနှောက်အယှက်ဖြစ်စေသလို ကလေးငယ်ကျန်းမာရေးအတွက်လည်း များစွာထိခိုက်စေပါတယ်။ ဒါ့ကြောင့် ကလေးငယ်ကို နေ့နှင့်ညကွဲပြားအောင်လုပ်ပေးပြီး ညဘက်မှာအိပ်စက်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်စေခြင်းကို ဖြစ်ပေါ်စေပါတယ်။
မနက်မိုးလင်း နေထွက်လာတာနဲ့ ကလေးငယ်ကို အလင်းဆိုတာကို သိအောင်လုပ်ပေးထားသင့်ပါတယ်။ ကလေးငယ်ကို အမြဲအိမ်ထဲ အမှောင်ထဲထားခြင်းကို ရှောင်ရှားပေးပါ။ သူ့ကို လူကြီးတွေမနက်လမ်းလျောက်သလိုသူ့ကိုပွေ့ချီပြီး နေရောင်နဲ့ထိတွေ့ခွင့်ပေးသင့်ပါတယ်။
ထို့နောက်ညရောက်တဲ့အခါမှာလည်း ညဘက်ကမှောင်နေတယ်ဆိုတာကို ပြသပေးဖို့လိုအပ်ပါတယ်။ အိမ်ထဲမှာ မီးအရောင်ကြောင့် ကလေးငယ် အမှောင်ကို မသိခြင်းများကြုံလာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်ကို ညဘက်မှာ အမြဲမီးရောင်အောက်မထားသင့်ပါဘူး။
နောက်တစ်ချက်က ကလေငယ်နိုးလာတဲ့အခါ သူနဲ့ဆော့ပေးတာ၊ စကားပြောပေးတာ၊ မြှူပေးတာ လုပ်ပေးရပါမယ်။ အိပ်ခါနီးအချိန်မှာဆိုရင်တော့ ညှင်ညှင်သာသာသီချင်းလေးဆိုပြီး ချော့သိပ်တဲ့အကျင့်မျိုးလုပ်ပေးထားသင့်ပါတယ်။ ညဘက် အိပ်ခါနီးအချိန်ဆို အခန်းကို မီးမှိန်မှိန်လေးပေးခြင်း၊ တိတ်ဆိတ်ငြိမ်သက်အောင်လုပ်ခြင်းများဖြင့် ကလေးငယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းကို အထောက်အကူပြုပေးနိုင်ပါတယ်။
ထိုမှသာ ကလေးငယ် သူ့အချိန်နဲ့သူမှတ်မိနေပြီး နေနဲ့ညကွဲပြားကာ ဘယ်အချိန်က အိပ်ချိန်ဆိုတာ ကောင်းကောင်းနားလည်သဘောပေါက်လာမှာပဲဖြစ်ပါတယ်။