
ဗိုက်ခွဲမွေးခြင်းမှာ ခွဲခန်းအတွင်း ဝင်ရောက်ရတဲ့ ဆရာဝန်များအနေနဲ့ မြောက်များစွာသော အဖြစ်အပျက် ၊ ထူးခြားတဲ့ အခြေအနေများကို ကြုံတွေ့ရနိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်များဟာ မတူညီတဲ့ ကိုယ်ဝန်ဆောင်လူနာများကို ကိုင်တွယ်ရာမှာ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများတောင်မှ ယာယီဖယ်ထုတ်လိုက်ရတာမျိုး ဖြစ်တတ်ပါတယ်။
ဗိုက်ခွဲမွေးတဲ့မိခင်လောင်းအများစုရဲ့ ဆီးအိမ်နဲ့ အူသိမ်တို့ကို ဝမ်းဗိုက်အတွင်းကနေ ဘေးဖယ်လိုက်ရပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ သားအိမ်ကို ကောင်းစွာမြင့်ရဖို့အတွက် ဖြစ်ပါတယ်။
ရှာပါးသောအခြေအနေများမှာ ခွဲစိတ်ကုသမှု ခံယူနေစဉ်အတွင်း ထိခိုက်မှုရှိနိုင်တာကြောင့် လူနာရဲ့အူကို ခန္ဓာကိုယ်မှ ခေတ္တဖယ်ထုတ်ရန် လိုအပ်နိုင်ပါတယ်။
ခွဲစိတ်မှုအပြီးမှာလည်း မိခင်ရဲ့သားအိမ်ကို ထုတ်လိုက်ရတာမျိုးလည် ရှိနိုင်ပါတယ်။ ဒီအခြေအနေတွေဟာ ဗိုက်ခွဲမွေးခြင်းမှာ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။
HYA (kyarlay)