Kyarlay.com

almost 2 years

မွေးကင်းစကလေးနှင့် နားလေးရောဂါ


Wiousir6picnnsfidjbe

ဖေဖေ၊ မေမေတို့ရေ ရင်သွးငယ်လေးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဖေဖေ၊ မေမေတွေအားလုံးက ဂရုတစိုက်စောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်နော်။ မွေးကင်းစကလေးငယ်တွေမှာလည်း ရောဂါတွေဝင်ရောက်တတ်လို့ သတိထားပေးသင့်ပါတယ်။ မွေးကင်းစကလေးတွေဖြစ်ပွားတတ်တဲ့ ရောဂါတွေထဲကမှ မွေးကင်းစကလေးနဲ့ နားလေးရောဂါဆိုင်ရာလက္ခဏာလေးတွေကို ကျားလေးကနေ မျှဝေပေျးင်ပါတယ်။



Kbymytmf9q3karsckmue

မွေးကင်းစကလေးမှာ အသားဝါရောဂါဆိုးဝါးတာ၊ ကိုယ်အလေးချိန်မပြည့်တာ၊ လမစေ့တာ၊ မျိုးရိုးလိုက်တာ၊ ဆရာဝန်ညွှန်ကြားချက်မရှိတဲ့ အချို့ဆေးဝါးတွေကို သုံးစွဲတာတွေကြောင့် ကလေးတွေမှာ နားလေးရောဂါဖြစ်ပွားသွားတတ်ပါတယ်။ အသက် ၆ လအောက် ကလေးငယ်တွေကို အသံကျယ်ကျယ်ပေးတဲ့အခါ တုံ့ပြန်မှုရှိဖို့လည်း လိုပါတယ်။ တကယ်လို့ အဲ့ဒီအချိန်မှာ တုံ့ပြန်မှုမရှိဘူးဆိုရင်တော့ ကလေးငယ်မှာ ရောဂါရှိ၊ မရှိကို စက်နဲ့ စမ်းသပ်ပေးဖို့လိုအပ်ပါတယ်နော်။


Dibpdxflxkl6vistjqky

တကယ်လို့ကလေးငယ်မှာ နားလေးတာကို အသိနောက်ကျသွားမယ်ဆိုရင် ကုသမှုမခံယူနိုင်ဘူးဆိုရင် ကလေးငယ်မှာ ဆွံ့အနားမကြားဖြစ်သွားတတ်ပါတယ်။ ဖေဖေ၊ မေမေတို့ရေ ကိုယ့်ရဲ့ရင်သွေးငယ်လေးတွေ ဆွံ့အနားမကြားမဖြစ်ပွားစေဖို့ တကယ်လို့ နားရောဂါတစ်ခုခုရှိတယ်ဆိုရင်တောင် အချိန်မီကုသမှုခံယူဖို့အတွက် ကလေးငယ်ကို ၆ လမပြည့်မီမှာ စမ်းသပ်ကြည့်ဖို့လိုပါတယ်နော်။ နားနဲ့ပတ်သက်တဲ့ ချို့ယွင်းချက်တစ်ခုခုရှိခဲ့တယ်ဆိုရင်တော့ အသက် ၂ နှစ်မတိုင်မီ စနစ်တကျကုသပါက ဆွံ့အခြင်းကနေ ကာကွယ်နိုင်တာကြောင့် အချိန်မီသိရှိဖို့လိုပါတယ်မေမေတို့ရေ။ ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)