ကြောက်ရသော အကြောင်း၏ အခြေခံ အချက်သည် ခြိမ်းခြောက်ခြင်းကို ခံရသောကြောင့်ပင်။ ကလေး အသက်နှစ်နှစ် ၀န်းကျင်ခန့်လောက်တွင် မိဘ အုပ်ထိန်းမှုအောက်မှာပင် ခြိမ်းခြောက်ခံရလေပြီ။ ဘယ်လို အခြေအနေမှာ ခြောက်သလဲဆို
• ကလေးကို ထမင်းကျေွးရခက်လှျင်
• အိပ်ချိန်တန်၍ မအိပ်လှျင်၊
• ပြောစကား နားမထောင်လှျင် ခြိမ်းခြောက်တတ်သည်။
ထိုအသက်အရွယ် မဆိုကားနှင့် စကားမပြောတတ်သေးသော လသားအရွယ်မှာပင်၊ ငိုလွန်း၍ဟူသော အကြောင်းပြချက်ဖြင့် ခြိမ်းခြောက်တတ်သည်။ “ဒေဝေါကြီးလာနေပြီနော် ” ကလေးသည် ဒေဝေါဆိုသည်မှာ ဘာမှန်း မသိသော်ငြားလည်း အားရပါးရ ကြောက်ပါလေတော့သည်။ ရံခါ၌ “ အရူးကြီးရေ…လာဖမ်းပါ ” ဟုဆိုကာ ခြောက်လိုက်သေးသည်။
ဤသို့ လွယ်ကူစွာ ပြုလုပ်လိုက်သော “အမှတ်တမဲ့ ကိစ္စလေး ” သည် ကလေးအတွက် တစ်သက်တာ အမှတ်တရ ဖြစ်သွားပါသည်။
အခြောက်လှန့်ခံရသော ဖြစ်ရပ်တို့ တေွ့ကြုံဖန်များလာသော်
• ကလေးသည် အားငယ်တတ်လာပါသည်။
• မိမိကိုယ်မိမိလည်း ယုံကြည်မှုနည်းလာတတ်ပါသည်။
• ကိုယ်ပိုင်ဆုံးဖြတ်ချက် မချတတ်ဖြစ်လာပြီး နောင်တွင် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို အလွယ်တကူခံလာရတတ်ပါသည်။
• အားလုံးကို ကြောက်ရသည် ဟူသောအစွဲကြောင့် မလိုလားအပ်သော ပြသနာများ ကြုံတေွ့လာတတ်ပါသည်။
• စိတ်ကျရောဂါရှိလာပါလှျင် ကလေး၏ အနာဂတ် မည်သို့လှပနိုင်ပါတော့မည်နည်း။
မိဘအုပ်ထိန်းသူတို့က ဤသို့သော အကျိုးဆက်ရတတ်သည်ကို သတိမပြုမိကြပေ။ ကလေးတိုင်း ဖြစ်မည်ဟု ဆိုလိုသည်တော့ မဟုတ်ပါသော် ကလေးအများစု ကြုံတေွ့ ရသည်။ ကျောင်းသား ကျောင်းသူအရွယ် ကလေးကြီးများလည်း ရံခါ ခြောက်လှန့်ခြင်းခံရသည်။ ငယ်စဉ်က ခြောက်လှန့်ခြင်းခံရသော အကျိုးဆက်ကြောင့် ကြောက်တတ်သည်လည်း ရှိတတ်ပေသည်။ ငယ်စဉ်က ခြောက်ပြသော ဒေဝေါတို့ အရူးတို့သည် ယခုအသက်အရွယ်တွင် အတိတ်ကာလဖြစ်သွားပြီး ပုံပြင်သဖွယ်ဖြစ်သွားသော်လည်း ကြီးလာသောအခါ
• အခန်းတွင်း၌ တစ်ယောက်တည်းမနေရဲခြင်း၊
• အမေှာင်ကိုကြောက်ခြင်း
• သန့်စင်ခန်းသို့တစ်ယောက်ထဲမသွား ရဲခြင်း စသည်တို့သည် ခြောက်လှန့်ခြင်းကြောင့် ကြောက်နေခြင်းဖြစ်သည်။
ထိုထက်လွန်ကဲ၍ ကြောက်လန့်လှျင်မူ အခြေခံကြောက်လန့်မှုတစ်ခုခု ရှိနေပြီလော စောင့်ကြည့်သင့်ပါသည်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း