စျေး မီဒီယာ

Posted by Lwin Wai Phyo July 7, 2020

သားသားလား မီးမီးလား👦👧
မိခင်လောင်းတိုင်းကိုယ့်ဝမ်းထဲက ကလေးလေးကို သားလားသမီးလားသိချင်ကြတာပဲနော်
ရှေးရိုးအယူအဆလေးတွေစုပြီးပြပေးထားတာမို့ သိပ္ပံနည်းကျတော့ မဟုတ်ဖူးပေါ့နော် #just for fun

၁ မိခင်ကအချိုတွေစားချင်လွန်းရင် မီးမီးလေး
 အငန်နဲ့ အသားဓာတ်များတဲ့အစာတွေ ချဥ်ချင်းတတ်ရင် သားသားလေးပါတဲ့

၂ ကိုယ်ဝန်ဆောင်လက္ခဏာတွေဖြစ်တဲ့ ပြင်းပြင်းထန်ထန်အန်မယ်မူးမယ်(morning sickness)ဆိုရင် မီးမီးလေးပါ

၃ ကြက်သွန်ဖြူတွေအများကြီးတော့စားနိုင်တယ် အနံ့ကျမခံနိုင်ဖြစ်နေရင် မီးမီးလေးတဲ့

၄ မိခင်က ကိုယ်ဝန်ဆောင်နေစဥ် အသားအရေ ကြည်လင်နေရင် သားသားလေး
မိခင်က အသားရေညစ် ဝက်ခြံတွေထွက်ရင် မီးမီးလေးပါတဲ့(မေမေ့ရဲ့ ကြည့်ကောင်းခြင်းတွေကို မီးမီးက ခိုးယူသွားလို့တဲ့နော်😁)

၅ မမြင်ရသေးတဲ့ဖေဖေတွေကို ဝိတ်တက်စေရင် မီးမီးလေးတဲ့ (sympathy weightလို့ခေါ်တယ်တဲ့ ဘယ်သူ့ကိုသနားလို့ဝိတ်တက်တယ် မသိဘူးနော်😆)

၆ မေမေက စိတ်တွေတိုလွယ် ခဏနေပျော်  ခဏနေငိုဆိုသလို စိတ်တွေပြောင်းလဲလွယ်ရင် မီးမီးလေးပါ

၇ မေမေက မှန်ထဲမှာ မျက်တောင်မခတ်၁မိနစ်လောက်စိုက်ကြည့်လို့ သူငယ်အိမ်ကျယ်လာရင် သားသားလေးဆိုပဲ😯

၈ မေမေကို ဝိတ်တက်စေရင် မီးမီး ဝိတ်ကျစေရင် သားသားပါတဲ့

၉ လက်စွပ်တကွင်းကို ကြိုးနဲ့ဆွဲ မေမေ့ရဲ့ဗိုက်ပေါ် တွဲလောင်းချလို့ စက်ဝိုင်းပုံလည်ရင် မီးမီး/ဘေးတိုက်ရွေ့ရင် သားသားတဲ့

၁၀ နောက်ဆုံးကတော့ Chinese gender chartနဲ့တွက်တာပေါ့နော်☝️☝️chart ကို အပေါ်မှာ ဓာတ်ပုံတင်ပေးထားပါတယ်ရှင့်
ကဲ အပျော်မှန်းကြည့်ကြရအောင် မေမေသစ်လေးတို့ရေ
တခြားမေမေတို့ရော ကိုယ့်တုန်းကနဲ့ ကိုက်ညီမှုရှိရဲ့လား

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.