
ကလေးငယ်လေးတွေကို ဆန်ကွေကာတိုက်လည်း ပိုမို အိပ်မပျော်စေပါဘူး။ ဘိုးစဉ်ဘောင်ဆက် လက်စွဲကျွေးလာပြီး ကလေးငယ်လေးတွေ ပိုအိပ်ပျော်စေတယ်လို့ ပြောကြပေမယ့် တွေ့ရှိချက်များမှာတော့ ဖော်ပြချက်ဟာ မှားယွင်းနေကြောင်း သက်သေပြထားပါတယ်။
ရင်သွေးလေးရဲ့ ရင့်ကျက်ဖွံ့ဖြိုးလာမှုကသာ ကလေးငယ် ဘယ်လောက်အိပ်နိုင်လဲ ဆိုတာကို ဖော်ပြပါတယ်။ ရင်သွေးငယ်လေးကို ဖြည့်စွက်စာ ကျွေးမယ်ဆို အနည်းဆူံး ၆ လသက်တမ်းရှိမှသာ ကျွေးရန် သတိပြုဖို့လိုပါတယ်။ သို့မှသာ ရင်သွေးလေးရဲ့ အစာခြေအင်္ဂါအစိတ်အပိုင်းက အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။