လသားအရွယ်မှာ ကလေးတေွဟာ အအိပ်မက်တတ်ကြပါတယ်။ အချို့ကလေးတေွကတော့ အအိပ်နည်းတာကြောင့် စိတ်ပူတတ်တာမျိုး ရှိကြပါတယ်။ ကလေးတေွ အအိပ်နည်းတယ်ဆိုတာ သူတို့ဗိုက်မဝတာကြောင့် ဖြစ်တတ်တာများပါတယ်။ ဒါကြောင့် ကလေးအအိပ်နည်းတဲ့အခါမှာ မေမေတို့က နို့ပိုတိုက်ပေးပါ။ ဗိုက်ပြည့်မှသူတို့လေးတေွ အိပ်မှာပါ။
နောက်တစ်ခုကတော့ ကလေးအသက် ၆ လနောက်ပိုင်းမှာတော့ အရေှ့လတေွကလောက် အိပ်ချိန်ယူတော့မှာမဟုတ်ပါဘူး။ ကလေးတေွက အသက်ကြီးလာလေ သူတို့ရဲ့အိပ်ချိန်တေွ လျော့နည်းသွားလေပါပဲ။ ဒါကြောင့် အရင်ကလောက် ကလေး မအိပ်တော့တာအတွက် အရမ်းကြီး စိတ်မပူဖို့တော့ လိုပါတယ်။
Kyarlay